သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
၂ ရာ 15:32 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာနေရာတောင်ထိပ်သို့ ဒါဝိဒ်မင်းကြီးရောက်သောအခါ အာခိလူမျိုး ဟုရှဲသည် မိမိအဝတ်ကို ဆုတ်ဖြဲ၍ ခေါင်းပေါ် မြေမှုန့်တင်လျက် မင်းကြီးကို ဆီးကြို၏။ Common Language Bible ဒါဝိဒ်သည်ကိုးကွယ်ရာဌာနတော်ရှိသည့် တောင်ထိပ်သို့ရောက်သောအခါ မိမိ၏လူယုံ တော်အာခိမြို့သားဟုရှဲသည် မိမိအဝတ် များကိုဆုတ်ဖြဲလျက်ဦးခေါင်းကိုလည်း မြေမှုန့်ဖြင့်လူးလျက်မင်းကြီးအားခရီး ဦးကြိုပြု၏။ Garrad Bible ဘု ရား သ ခင် ကို ရှိ ခိုး လေ့ ရှိ သော တောင် ထိပ် သို့ ဒါ ဝိဒ် မင်း ရောက် သော် အာ ခိ လူ မျိုး ဟု ရှဲ သည် ဝတ် လုံ ဆုတ် ခြင်း၊ ဦး ခေါင်း ထက် မြေ မုန့် တင် ခြင်း များ ကို ပြု ပြီး လျှင် ခ ရီး ဦး ကြို ဆို လာ ရာ Judson Bible တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကိုကိုးကွယ်၏။ အာခိမြို့သားဟုရှဲသည်လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် ခရီးဦးကြိုပြုအံ့သောငှာ လာ၏။ |
သုံးရက်မြောက်သောနေ့တွင် ရှောလုမင်းကြီး၏တပ်စခန်းမှ လူတစ်ဦးသည် အဝတ်ကိုဆုတ်လျက်၊ ခေါင်းပေါ်မြေမှုန့်တင်လျက် ဒါဝိဒ်ထံ ရောက်လာ၍ မြေပေါ်တွင်ပျပ်ဝပ်ရှိခိုးလေ၏။
တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
ဒါဝိဒ်မင်းကြီးသည် သံလွင်တောင်တက်လမ်းအတိုင်း ငိုကြွေးလျက်၊ ဦးခေါင်းကိုလည်းခြုံလျက် ခြေနင်းတော်မပါဘဲ တက်သွား၏။ သူနှင့်ပါလာသောလူအပေါင်းတို့သည်လည်း အသီးသီးဦးခေါင်းကိုခြုံထားလျက်၊ ငိုကြွေးလျက် လိုက်တက်သွားကြ၏။
ဒါဝိဒ်မင်းကြီးသည် တောင်ထိပ်ကို အနည်းငယ်လွန်သွားလျှင် မေဖိဗောရှက်၏ငယ်သား ဇိဘက ကုန်းနှီးတင်ထားသောမြည်းနှစ်ကောင်နှင့် သူ့ကိုကြိုဆို၏။ ထိုမြည်းတို့ပေါ်တွင် မုန့်အလုံးနှစ်ရာ၊ စပျစ်သီးခြောက် အခိုင်တစ်ရာ၊ နွေရာသီသီးနှံ အခိုင်တစ်ရာနှင့် စပျစ်ဝိုင်တစ်ဘူး တင်ထား၏။
အဗရှလုံနှင့် အစ္စရေးအမျိုးသားလူထုတစ်ရပ်လုံးသည် ဂျေရုဆလင်မြို့သို့ရောက်လာကြပြီး သူနှင့်အတူ အဟိသောဖေလလည်းပါလာ၏။
သို့သော် အဗရှလုံက “အာခိလူမျိုး ဟုရှဲကို ခေါ်ခဲ့ပါ။ သူအဘယ်သို့အကြံပေးမည်ကိုလည်း နားထောင်ကြည့်ရမည်”ဟု ဆို၏။
ရှောလမုန်မင်းကြီးသည် မောဘလူမျိုးတို့၏ရွံရှာဖွယ်ခေမုရှဘုရား၊ အမ္မုန်လူမျိုးတို့၏ရွံရှာဖွယ်မောလုတ်ဘုရားတို့အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ တောင်ပေါ်တွင် ဆောက်လုပ်ပေး၏။
အဟိသောဖေလသည် ဘုရင့်အတိုင်ပင်ခံအမတ်ဖြစ်ပြီး အာခိလူမျိုးဟုရှဲသည် ဘုရင့်မိတ်ဆွေတော်ဖြစ်၏။
အို ထာဝရဘုရား၊ ထတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ရန်သူရှိသမျှတို့၏ပါးကိုရိုက်၍ ဆိုးယုတ်သောသူတို့၏သွားကို ချိုးတော်မူ၏။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
သံလွင်ဟုခေါ်သောတောင်အနီးရှိ ဗက်ဖာဂေရွာနှင့်ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ပါးကိုစေလွှတ်၍
ဗေသလမြို့မှ လုဇမြို့သို့ရောက်၏။ ထိုမှ အာခိလူမျိုးတို့၏နယ်မြေ အတရုတ်မြို့ကိုဖြတ်ပြီး
ထိုနေ့တွင်ပင် ဗင်္ယာမိန်အမျိုးသားတစ်ဦးသည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်တွင်မြေမှုန့်ကို တင်လျက် စစ်မြေပြင်မှ ရှိလောမြို့သို့ အပြေးအလွှားရောက်လာ၏။