တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
၂ ရာ 15:12 - မြန်မာ့စံမီသမ္မာကျမ်း အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။ Common Language Bible ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။ Garrad Bible ပူ ဇော် ခြင်း အ မှု ကို ပြု ဆဲ တွင် အ ဗ ရှ လုံ သည် ဒါ ဝိဒ် မင်း ၏ တိုင် ပင် ခံ အ မတ်၊ ဂိ လော မြို့ သား၊ အ ဟိ သော ဖေ လ ကို နေ ရင်း ဂိ လော မြို့ မှ ခေါ် လေ၏။ အ ဗ ရှ လုံ့ ဘက် ပါ လူ တို့ တိုး ပွား များ ပြား လျက် အ တွင်း မီး အား ကြီး လေ ၏။ Judson Bible ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သား အဟိသောဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည်တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှုအားကြီးလေ၏။ |
တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
အဗရှလုံနှင့် အစ္စရေးအမျိုးသားလူထုတစ်ရပ်လုံးသည် ဂျေရုဆလင်မြို့သို့ရောက်လာကြပြီး သူနှင့်အတူ အဟိသောဖေလလည်းပါလာ၏။
ထိုအခါ အဗရှလုံနှင့် အစ္စရေးအမျိုးသားအပေါင်းတို့က “အာခိလူမျိုး ဟုရှဲပေးသောအကြံသည် အဟိသောဖေလပေးသောအကြံထက် ကောင်းသည်”ဟု ထောက်ခံကြ၏။ အကြောင်းမှာ အဗရှလုံကို ဘေးတွေ့စေမည့်အကြောင်း အဟိသောဖေလပေးသောအကြံပျက်ပြားရန် ထာဝရဘုရား စီစဉ်တော်မူပြီ။
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
သူတို့သည် အစာရှောင်ရာနေ့ကိုကြေညာ၍ နာဗုတ်ကို လူတို့ရှေ့တွင် ထိုင်စေကြ၏။
ထိုစာထဲတွင် “အစာရှောင်ရာနေ့ကို ကြေညာ၍ ထိုနေ့တွင် နာဗုတ်ကို လူတို့ရှေ့တွင် ထိုင်စေလော့။
အဟိသောဖေလသည် ဘုရင့်အတိုင်ပင်ခံအမတ်ဖြစ်ပြီး အာခိလူမျိုးဟုရှဲသည် ဘုရင့်မိတ်ဆွေတော်ဖြစ်၏။
သို့ရာတွင် အို ထာဝရဘုရား၊ အကျွန်ုပ်သည် သူတို့ကိုတုံ့ပြန်နိုင်ရန် ကိုယ်တော်သည် အကျွန်ုပ်ကိုသနားတော်မူ၍ အကျွန်ုပ်ကိုပြန်ထစေတော်မူပါ။
ငါ့မုန့်ကိုစားသော ငါယုံကြည်စိတ်ချခဲ့သည့် ငါ၏မိတ်ဆွေရင်းချာပင်လျှင် ငါ့ကိုဖနောင့်နှင့်ပေါက်လေပြီ။
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ငါ့ထံ သင်တို့ယူလာသော ရှေဘပြည်မှလော်ဗန်၊ ဝေးသောပြည်မှမွှေးကြိုင်သောခါနဲကို ငါဘာလုပ်ရမည်နည်း။ သင်တို့၏မီးရှို့ရာယဇ်ကို ငါလက်မခံ။ သင်တို့၏ပူဇော်သက္ကာကို ငါမနှစ်သက်”ဟု မိန့်တော်မူ၏။
ထိုအခါ ဗာလမ်က ဗာလက်မင်းကြီးအား “ဤအရပ်၌ ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်၍ နွားထီးခုနစ်ကောင်နှင့်သိုးထီးခုနစ်ကောင်ကိုလည်း ပြင်ဆင်လော့”ဟု ဆို၏။
ထို့နောက် သူသည် ဗာလမ်ကို ပိသဂါတောင်ထိပ်ရှိ ဇောဖိမ်ကွင်းပြင်သို့ ခေါ်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကိုတည်ပြီး ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။
ဗာလက်မင်းကြီးသည် ဗာလမ်ပြောသည့်အတိုင်းပြု၍ ယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်စီကို ပူဇော်လေ၏။
သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။
သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဝန်ခံကြသော်လည်း သူတို့ပြုသောအမှုများအားဖြင့် ဘုရားသခင်ကိုငြင်းပယ်၍ ရွံရှာဖွယ်ကောင်းသောသူ၊ နာခံခြင်းမရှိသောသူ၊ ကောင်းသောအမှုရှိသမျှနှင့်မထိုက်တန်သောသူများဖြစ်ကြ၏။
ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်တစ်မြို့နှင့်ရွာများ ပါ၏။