၂ ရာ 14:19 - မြန်မာ့စံမီသမ္မာကျမ်း
ရှင်ဘုရင်က “ဤအရာအလုံးစုံကား ယွာဘ၏လက်ချက်မဟုတ်လော”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အရှင်မင်းကြီးမိန့်တော်မူသောစကားသည် လက်ဝဲလက်ယာတိမ်းစောင်းခြင်းမရှိ မှန်ကန်ပါ၏။ စင်စစ် အရှင့်အမှုထမ်းယွာဘက အရှင့်ကျွန်မအား ဤစကားအလုံးစုံကိုပြောကြားရန် သင်ပေးပါ၏။
အခန်းကိုကြည့်ပါ။
မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-
အခန်းကိုကြည့်ပါ။
လျှောက် ထား သ မျှ သည် ယွာ ဘ အ ကြံ မ ဟုတ် လော ဟု ဘု ရင် မင်း မေး ရာ မိန်း မ က၊ အို အ ရှင် မင်း မြတ်၊ ကိုယ် တော် အ သက် ရှင် တော် မူ သည့် အ တိုင်း အ ရှင် မင်း မြတ်၏ ထင် မြင် ချက် ကို ဝဲ ယာ သို့ ရှောင် ထွက် နိုင် သူ မ ရှိ ချေ။ ကိုယ် တော့် ကျွန် ယွာ ဘ သည် ကျွန် တော် မျိုး မ အား မိန့် မှာ လျက် လျှောက် ထား ရန် ရှိ သ မျှ ကို နှုတ် ပေး သွန် သင် ပါ၏။
အခန်းကိုကြည့်ပါ။
ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အား အကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမက အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော်မကိုမှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။
အခန်းကိုကြည့်ပါ။