Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 20:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အကျွန်ုပ်​တို့​ကို အရှင်မင်းကြီး​၏​ပြည်​ထဲမှ ဖြတ်သွား​ခွင့်​ပြု​တော်မူ​ပါ​။ လယ်ယာ​နှင့်​စပျစ်ခြံ​တို့​ထဲမှ ဖြတ်​မ​သွား​ပါ​။ ရေတွင်း​ထဲမှ​ရေ​ကို​လည်း မ​သောက်​ပါ​။ အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​နယ်မြေ​ကို​ကျော်လွန်​သည်​အထိ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ ရှင်ဘုရင်​လမ်းမ​အတိုင်း​သွား​ပါ​မည်​”​ဟု လျှောက်​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ကိုယ်​တော်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​တ​ကွ​သိုး၊ နွား၊ တိ​ရစ္ဆာန် တို့​သည်​ကိုယ်​တော်​၏​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ် များ​ကို​ဖြတ်​သန်း​ခြင်း​ပြု​မည်​မ​ဟုတ်​ပါ။ ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက်​သုံး​မည် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏ ပိုင်​နက်​လွန်​သည် အ​ထိ​လမ်း​မ​ကြီး​အ​တိုင်း ဖြတ်​သန်း​သွား​ပါ​မည်'' ဟု​လျှောက်​ထား ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ကိုယ် တော်၏ ပြည် ကို ဖြတ် သွား ပါ ရ စေ။ ကျွန် တော် တို့ သည် လယ် ခြံ များ ကို မ လျှောက်၊ တွင်း ရေ ကို လည်း မ သောက်၊ ပြည် နယ် မ လွန် မ ချင်း ဝဲ ယာ သို့ မ ယိမ်း မ ယိုင် ဘဲ လမ်း မ တော် ဖြင့် သာ လျှောက် သွား ကြ ပါ မည့် အ ကြောင်း ညီ ဣ သ ရေ လ တင် လျှောက် သည် ကို ကြား စေ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ကိုယ်​တော့်​ပြည်​အ​လယ်၌ လျှောက်၍​သွား​ပါ​ရ​စေ။ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို မ​နင်း​ပါ။ တွင်း​ရေ​ကို​လည်း မ​သောက်​ပါ။ ကိုယ်​တော့်​ပြည်​နယ်​ကို မ​လွန်​မီ​တိုင်​အောင်၊ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ မင်း​လမ်း​သို့​သာ လျှောက်​လိုက်​ပါ​မည်​ဟု တောင်း​ပန်​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 20:17
7 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​စဉ်က ကိုယ်တော်​သည် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​၊ စိရ​တောင်ပေါ်သား​တို့​၏​နယ်မြေ​ကို အစ္စရေး​လူမျိုး​တို့​အား ကျူးကျော်​ခွင့်​မ​ပေး​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ပြည်​ကို မ​ဖျက်ဆီး​ဘဲ ရှောင်သွား​ခဲ့​ပါ​၏​။


နေဂေ့​အရပ်​၌​စံမြန်း​သော ခါနာန်​လူမျိုး အာရဒ်​ဘုရင်​သည် အသရိမ်​လမ်း​ဖြင့် အစ္စရေး​လူမျိုး​တို့​လာ​ကြောင်း​ကို ကြား​သောအခါ အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​၍ အချို့​ကို သုံ့ပန်း​အဖြစ် ဖမ်းဆီးခေါ်ဆောင်​သွား​၏​။


‘​အကျွန်ုပ်​တို့​ကို အရှင့်​ပြည်​ထဲမှ​ဖြတ်သွား​ခွင့်​ပြု​ပါ​။ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ လမ်းမ​အတိုင်း​သွား​ပါ​မည်​။


စိရ​ပြည်​၌​နေထိုင်​ကြ​သော ဧသော​သားမြေး​တို့​နှင့် အာရ​ပြည်​၌​နေထိုင်​ကြ​သော မောဘ​လူမျိုး​တို့​ပြု​သည့်​နည်းတူ အကျွန်ုပ်​တို့​စား​ဖို့ အစားအစာ​၊ အကျွန်ုပ်​တို့​သောက်​ဖို့​ရေ​ကို အကျွန်ုပ်​တို့​အား ငွေ​ဖြင့်​ရောင်း​ပေး​ပါ​။ အကျွန်ုပ်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့​မ​ရောက်​မီ​တိုင်အောင် အရှင့်​ပြည်​ကို ခြေ​ဖြင့်​ဖြတ်သွား​ရုံသာ​ဖြတ်သွား​ပါ​မည်​’​ဟု ငြိမ်းချမ်းရေး​စကား​ကို ပြောဆို​သော်လည်း


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ