ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
၂ ရာ 13:1 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။ Common Language Bible ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။- Garrad Bible ဒါ ဝိဒ် မင်း၏ သား တော် အ ဗ ရှ လုံ၌ တာ မာ အ မည် ရှိ သော အ ဆင်း လှ သူ နှ မ တော် တစ် ပါး ရှိ ရာ သား တော် ကြီး အာ မ နုန် သည် က ညာ ဖြစ် သော ထို နှ မ တော် ကို အ လွန် စုံ မက် သ ဖြင့် အ ကြံ မ မြောက် နိုင် သည့် အ တွက် စိ တ္တ ဇ ရော ဂါ စွဲ ကပ် လေ ၏။ Judson Bible ဒါဝိဒ်၏သား အဗရှလုံ၌ တာမာအမည်ရှိသော အဆင်းလှသောနှမတစ်ယောက်ရှိ၏။ ဒါဝိဒ်၏သား အာမနုန်သည် ထိုနှမကို ချစ်လေ၏။ |
ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
ရှေခင်၏စိတ်နှလုံးသည် ယာကုပ်၏သမီးဒိနကိုစွဲလမ်း၏။ သူသည် ထိုမိန်းကလေးကိုချစ်၏။ ကြင်နာစွာစကားပြော၏။
ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
ထို့နောက် အာမနုန်သည် သူ့ကို အမုန်းကြီးမုန်းသွားပြန်၏။ ယခင်ချစ်သောစိတ်ထက် မုန်းသောစိတ်ပို၍ကြီးသဖြင့် အာမနုန်က သူ့အား “ထလော့၊ ထွက်သွားလော့”ဟု ဆို၏။
ထိုသို့ အာမနုန်သည် နှမတာမာကို ချစ်သောစိတ်ဖြင့် စိတ်ဖိစီးကာဖျားလေ၏။ နှမတော်သည် အပျိုစင်ဖြစ်သောကြောင့် သူ့အား မည်သို့ရယူရမည်ကို အာမနုန်တွေးမရဘဲ အခက်တွေ့နေ၏။
အဗရှလုံ၌ သားသုံးဦး၊ သမီးတစ်ဦးရှိ၏။ သမီး၏အမည်မှာ တာမာဖြစ်ပြီး အလွန်အဆင်းလှသောမိန်းကလေးဖြစ်၏။
သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။
တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော် မာခါနှင့်ရသောအဗရှလုံ၊ စတုတ္ထသားမှာ ဟဂ္ဂိတ်နှင့်ရသောအဒေါနိယ၊
ဤသားများအပြင် မောင်းမများနှင့်ရသော ဒါဝိဒ်မင်းကြီး၏သားများလည်း ရှိသေး၏။ သူတို့တွင် တာမာဟူသောနှမတော်တစ်ဦးလည်း ရှိ၏။
တင့်တယ်ခြင်းသည် လှည့်ဖြားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးဖြစ်၏။ သို့သော် ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမသည် ချီးမွမ်းခြင်းခံရလိမ့်မည်။
သင်၏စိတ်နှလုံးထဲတွင် ထိုမိန်းမ၏အလှကို မတပ်မက်နှင့်။ သူ့မျက်လွှာဖြင့် ညှို့ယူဖမ်းစားခြင်းကိုမခံနှင့်။