ဂေရှုရပြည်သားနှင့် ဆီးရီးယားပြည်သားတို့က ထိုမြို့များထဲမှ ဟာဝုတ်ယာဣရမြို့ကိုလည်းကောင်း၊ ကေနတ်မြို့နှင့်ထိုမြို့ပတ်ဝန်းကျင်ရှိမြို့ရွာပေါင်းခြောက်ဆယ်ကိုလည်းကောင်း သိမ်းပိုက်လိုက်ကြ၏။ ထိုမြို့တို့သည် ဂိလဒ်၏ဖခင်ဖြစ်သောမာခိရ၏သားမြေးတို့ပိုင်သောမြို့များ ဖြစ်၏။