အကျွန်ုပ်လည်း သူလဲကျ၍ အသက်မရှင်နိုင်တော့သည်ကို သိသဖြင့် သူ့နားသို့လာပြီး သူ့ကို ထိုးသတ်လိုက်ပါ၏။ သူ့ခေါင်းပေါ်မှ ရာဇသရဖူနှင့် လက်မောင်းမှ လက်ပတ်ကိုယူ၍ ယခု အကျွန်ုပ်အရှင့်ထံ ယူဆောင်လာပါပြီ”ဟု ဆို၏။
၂ ရာ 1:9 - မြန်မာ့စံမီသမ္မာကျမ်း သူကလည်း ‘ငါ့နားသို့လာပြီး ငါ့ကို သတ်လိုက်ပါ။ ငါသည် ဝေဒနာ မချိမဆံ့ခံနေရပါ၏။ အသက်လည်း မထွက်နိုင်သေးပါ’ဟု ဆို၏။ Common Language Bible ထိုအခါမင်းကြီးက``ငါသည်ပြင်းစွာဒဏ် ရာရသဖြင့်သေခါနီးပြီ။ ထို့ကြောင့်လာ ၍ငါ့အားသတ်လော့'' ဟုမိန့်တော်မူပါ၏။- Garrad Bible ငါ၌ အ သက် အ န္တရာယ် မ ဖြစ် သေး သော် လည်း မူး မော် သော ဝေ ဒ နာ ရောက် သော ကြောင့် ချဉ်း ကပ် ၍ သတ် ပါ လော့ ဟု မိန့် ဆို တော် မူ သည့် အ တိုင်း Judson Bible ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသောဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊ |
အကျွန်ုပ်လည်း သူလဲကျ၍ အသက်မရှင်နိုင်တော့သည်ကို သိသဖြင့် သူ့နားသို့လာပြီး သူ့ကို ထိုးသတ်လိုက်ပါ၏။ သူ့ခေါင်းပေါ်မှ ရာဇသရဖူနှင့် လက်မောင်းမှ လက်ပတ်ကိုယူ၍ ယခု အကျွန်ုပ်အရှင့်ထံ ယူဆောင်လာပါပြီ”ဟု ဆို၏။
သူက အကျွန်ုပ်အား ‘သင်ကား မည်သူနည်း’ဟု မေးလျှင် ‘အကျွန်ုပ်သည် အာမလက်လူမျိုး ဖြစ်ပါသည်’ဟု ပြောပြပါ၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။
ထိုနေ့ရက်များ၌ လူတို့သည် သေခြင်းကိုရှာကြလိမ့်မည်။ သို့သော် တွေ့ကြမည်မဟုတ်။ အလွန်သေချင်သော်လည်း သေခြင်းသည် သူတို့ထံမှ ထွက်ပြေးလိမ့်မည်။
ထိုအခါ သူသည် သူ၏လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ “လူတို့က ငါ့ကို ‘မိန်းမသတ်၍သေရသည်’ဟု မဆိုရလေအောင် သင့်ဓားကိုဆွဲထုတ်၍ ငါ့ကို သတ်ပါလော့”ဟု ဆိုသဖြင့် သူ၏ငယ်သားသည် သူ့ကိုထိုးလိုက်ရာ သူသေလေ၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။