၁ ရာချုပ် 10:4 - မြန်မာ့စံမီသမ္မာကျမ်း
4 ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
4 သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
4 လက် နက် တော် ကိုင် အား လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သော ဤ သူ တို့ သည် ငါ့ ထံ ချဉ်း လာ ၍ ရက် စက် ကြမ်း ကြုတ် စွာ မ ပြု မ လုပ် စေ ရန် သင့် ဓား ကို ဆွဲ နုတ် ထိုး သတ် လော့ ဟု မိန့် ဆို သော် လည်း လက် နက် တော် ကိုင် အ လွန် ကြောက် ရွံ့ သည် နှင့် မ ပြု ဝံ့ သော ကြောင့် မင်း ကိုယ် တိုင် ဓား တော် ကို ဆွဲ ယူ လျက် ဓား ဦး ပေါ် တွင် လှဲ သေ လေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
4 လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ဓားကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာလှဲ၍သေ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ