အလုံးစုံတို့ကို အစမှစ၍ သေချာစွာစိစစ်လေ့လာခဲ့သောငါသည်လည်း အသင် သင်ယူခဲ့ပြီးသောအကြောင်းအရာများ ဧကန်အမှန်ဖြစ်ကြောင်းသိရှိစေရန် ၎င်းတို့ကို အသင့်ထံ အစဉ်လိုက်ရေးသားသင့်သည်ဟုထင်မှတ်ပါ၏။
၂ ယော 1:1 - မြန်မာ့စံမီသမ္မာကျမ်း သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။ Common Language Bible အသက်ကြီးသူထံမှဘုရားသခင်ရွေးကောက် တော်မူခြင်းခံရသူနှင့် အမှန်ပင်ငါချစ်မြတ် နိုးသူအမျိုးသမီးကြီးနှင့် သူ၏သားသမီး များထံသို့စာရေးလိုက်သည်။ သင့်အားငါတစ် ဦးတည်းသာမက သမ္မာတရားကိုသိရှိသူ အပေါင်းတို့သည်ချစ်ကြပေသည်။- Garrad Bible ငါ တို့၌ တည် လျက် ကာ လ အ စဉ် ပါ ရှိ မည့် သ မ္မာ တ ရား အ တွက် ကြောင့် ငါ သာ မ ဟုတ် သ မ္မာ တ ရား ကို သိ ကျွမ်း သူ ခပ် သိမ်း တို့ လည်း သ စ္စာ နှင့် ချစ် ခင် ကြ သော လက် ရွေး ခံ အ ရှင် မ နှင့် သား သ မီး တို့ ထံ ဥ က္က ဋ္ဌ ဖြစ် သူ ငါ ရေး လိုက် သည် မှာ၊ Judson Bible အသက်ကြီးသူသည် မြတ်သော သခင်မကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း ကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတ္တံ့သော သမ္မာတရားကြောင့်၊ ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်းတို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာ ရှိပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်းခံရသောအမျိုးသမီးနှင့် သူ၏ သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ကျွန်ုပ်တစ်ဦးတည်းသာမက သမ္မာတရားကို သိသောသူအပေါင်းတို့ကလည်း ချစ်ခင်ကြ၏။ |
အလုံးစုံတို့ကို အစမှစ၍ သေချာစွာစိစစ်လေ့လာခဲ့သောငါသည်လည်း အသင် သင်ယူခဲ့ပြီးသောအကြောင်းအရာများ ဧကန်အမှန်ဖြစ်ကြောင်းသိရှိစေရန် ၎င်းတို့ကို အသင့်ထံ အစဉ်လိုက်ရေးသားသင့်သည်ဟုထင်မှတ်ပါ၏။
သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။
သခင်ဘုရား၌ရွေးကောက်ခံရသောသူ ရုဖုနှင့် ငါ၏မိခင်လည်းဖြစ်သော သူ့မိခင်ကို နှုတ်ဆက်ပေးကြလော့။
သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။
သို့သော် ကောင်းမြတ်သောသတင်း၏သမ္မာတရားသည် သင်တို့တွင် ဆက်၍တည်နေမည့်အကြောင်း ငါတို့သည် သူတို့ကို ခေတ္တခဏမျှပင် မလိုက်လျောခဲ့ကြပေ။
အို မိုက်မဲသောဂလာတိပြည်သားတို့၊ လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ယေရှုခရစ်တော်သည် သင်တို့မျက်စိရှေ့၌ ထင်ရှားစွာဖော်ပြခြင်းခံရလျက်နှင့် မည်သူက သင်တို့ကိုပြုစားလိုက်သနည်း။
သင်တို့သည် ကောင်းစွာပြေးခဲ့ကြ၏။ သမ္မာတရားကိုမလိုက်နာစေရန် မည်သူက သင်တို့ကို အနှောင့်အယှက်ပေးသနည်း။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့သည် သင်တို့အတွက် ကောင်းကင်ဘုံ၌သိုမှီးထားသော မျှော်လင့်ခြင်းကြောင့်ဖြစ်ပေါ်လာ၍ ထိုမျှော်လင့်ခြင်းအကြောင်းကို သင်တို့ထံသို့ရောက်လာသည့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော သမ္မာတရား၏နှုတ်ကပတ်တော်၌ သင်တို့ကြားခဲ့ရကြပြီ။
လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။
အကြောင်းမူကား ငါတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာကိုရရှိပြီးမှ တမင်တကာ ဆက်၍အပြစ်ပြုကြလျှင် အပြစ်ဖြေရာယဇ်ဟူ၍ မရှိတော့ဘဲ
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
သို့ဖြစ်၍ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ခရစ်တော်၏ဒုက္ခဝေဒနာများကိုသက်သေခံသူနှင့် ထင်ရှားလာတော့မည့် ကိုယ်တော်၏ဘုန်းအသရေတော်ကို မျှဝေခံစားသူဖြစ်သောငါသည် သင်တို့တွင်ရှိသောအသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်ပါ၏။
သင်တို့နည်းတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိအသင်းတော်နှင့် ငါ့သားမာကုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။
သင်တို့သည် သမ္မာတရားကိုမသိကြသောကြောင့် မဟုတ်ဘဲ သမ္မာတရားကိုလည်းကောင်း၊ လိမ်လည်ခြင်းရှိသမျှတို့သည် သမ္မာတရားနှင့်မစပ်ဆိုင်သည်ကိုလည်းကောင်း သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။
သားသမီးတို့၊ ငါတို့သည် စကားနှင့် နှုတ်အားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုနှင့် သမ္မာတရားတို့အားဖြင့် ချစ်ကြကုန်စို့။
သို့ဖြစ်၍ ဂုဏ်သရေရှိအမျိုးသမီး၊ ပညတ်တော်အသစ်မဟုတ်ဘဲ အစအဦးကပင် ငါတို့၌ရှိသောပညတ်တော်ကို သင့်ထံရေးသားလျက် ငါတို့အချင်းချင်းချစ်ကြစို့ဟု ယခု သင့်အား ငါတောင်းပန်၏။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။