ငါတို့၏ဘုရားသခင်သည် ကြွလာတော်မူမည်။ ကိုယ်တော်သည် တိတ်ဆိတ်စွာနေတော်မူမည်မဟုတ်။ ကိုယ်တော်၏ရှေ့တော်၌ ဝါးမျိုတတ်သောမီးရှိ၍ ကိုယ်တော်၏ပတ်လည်၌ ပြင်းထန်သောမုန်တိုင်းရှိ၏။
၂ ပေ 3:12 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏နေ့ရက်ကိုစောင့်မျှော်၍ ထိုနေ့ရက်၏ရောက်ရှိလာခြင်းကို လျင်မြန်စေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် လောင်မြိုက်ခြင်းခံရလျက် ပျက်သုဉ်းသွားလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သောအပူရှိန်ဖြင့် အရည်ပျော်သွားကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ နေ့ရက်ကို စောင့်မျှော်၍ ထိုနေ့ရက်ကို အလျင်အမြန်လာစေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် မီးလောင်ကျွမ်း၍ ပျက်ပြယ်သွားလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သော အပူရှိန်၌ အရည်ပျော်သွားလိမ့်မည်။ |
ငါတို့၏ဘုရားသခင်သည် ကြွလာတော်မူမည်။ ကိုယ်တော်သည် တိတ်ဆိတ်စွာနေတော်မူမည်မဟုတ်။ ကိုယ်တော်၏ရှေ့တော်၌ ဝါးမျိုတတ်သောမီးရှိ၍ ကိုယ်တော်၏ပတ်လည်၌ ပြင်းထန်သောမုန်တိုင်းရှိ၏။
ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။
ကောင်းကင်တန်ဆာတို့သည် ပျက်စီးပျောက်ကွယ်သွား၍ ကောင်းကင်သည် စာလိပ်ကဲ့သို့လိပ်သွားမည်။ ကောင်းကင်တန်ဆာတို့သည် စပျစ်ပင်မှ အရွက်ကြွေကျသကဲ့သို့၊ သဖန်းပင်မှ အရွက်ကြွေကျသကဲ့သို့ ကြွေကျကြလိမ့်မည်။
မီးနှင့်ထိသောဖယောင်းကဲ့သို့လည်းကောင်း၊ တောင်စောင်းတွင် စီးဆင်းသောရေကဲ့သို့လည်းကောင်း ခြေတော်အောက်တွင် တောင်များအရည်ပျော်၍ ချိုင့်ဝှမ်းလွင်ပြင်များလည်း အက်ကွဲကုန်လိမ့်မည်။
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ရပ်နေသောသူတို့တွင် လူ့သားသည် မိမိ၏နိုင်ငံတော်နှင့်ကြွလာသည်ကိုမမြင်မီ သေခြင်းကို မမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။
သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။
ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်၏ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာရှိသောမျှော်လင့်ခြင်းကို စောင့်မျှော်ရန်လည်းကောင်း ဆုံးမသွန်သင်လျက်ရှိ၏။
သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။
ဤအရာအားလုံးတို့သည် ထိုသို့ပျက်သုဉ်းသွားမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများဖြစ်သင့်သနည်း။ သင်တို့သည် သန့်ရှင်းစွာအသက်ရှင်နေထိုင်လျက် ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်
“ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောကတိတော်သည် အဘယ်မှာရှိသနည်း။ ရှေးဘိုးဘေးများအိပ်ပျော်ခဲ့သည့်အချိန်မှစ၍ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်း ဆက်၍တည်နေသည်မဟုတ်လော”ဟု ပြောဆိုကြလိမ့်မည်။
ယခုရှိသော ကောင်းကင်နှင့်မြေကြီးမူကား ထိုနှုတ်ကပတ်တော်အားဖြင့် မီးအတွက်သိုမှီးထားခြင်းခံရ၍ ဘုရားတရားမဲ့သောသူတို့၏ပျက်စီးခြင်းနှင့် တရားစီရင်ခြင်းနေ့ရက်တိုင်အောင် ထိန်းသိမ်းထားခြင်းခံရလျက်ရှိ၏။
ဘုရားသခင်၏မေတ္တာတော်၌ မိမိကိုယ်ကိုစောင့်ထိန်း၍ ထာဝရအသက်သို့ပို့ဆောင်သည့် ငါတို့သခင်ယေရှုခရစ်တော်၏ကရုဏာတော်ကို စောင့်မျှော်ကြလော့။