သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
၂ ပေ 2:8 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထိုဖြောင့်မတ်သောသူသည် သူတို့ထဲ၌နေထိုင်ခဲ့စဉ် သူတို့၏တရားမဲ့သောအမှုများကို တွေ့မြင်ကြားသိနေရ၍ နေ့စဉ်ရက်ဆက် သူ၏ဖြောင့်မတ်သောစိတ်ဝိညာဉ်၌ အလွန်အနှောင့်အယှက်ဖြစ်လေ၏။ Common Language Bible ထိုသူတော်ကောင်းသည်ဆိုးယုတ်သူတို့နှင့် အတူနေထိုင်ကာ နေ့စဉ်နှင့်အမျှသူတို့ပြု ကျင့်သည့်ဆိုးညစ်မှုများကိုတွေ့မြင်ကြား သိသဖြင့် လွန်စွာစိတ်ဒုက္ခရောက်ခဲ့ရပေသည်။- Judson Bible ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဖြောင့်မတ်သူသည် တရားမဲ့သောသူတို့ထဲတွင် နေထိုင်စဉ် ထိုသူတို့၏ တရားမဲ့မှုများကို နေ့စဉ်ရက်ဆက် မြင်တွေ့ကြားသိနေရသဖြင့် သူ၏ ဖြောင့်မတ်သောစိတ်ဝိညာဉ်၌ အလွန်အနှောင့်အယှက်ဖြစ်လေ၏။ |
သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
အကျွန်ုပ်၏ရန်သူတို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မေ့လျော့ကြသောကြောင့် အကျွန်ုပ်၏စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကိုဖိစီးလွှမ်းမိုးလျက်ရှိပါ၏။
အကျွန်ုပ်သည် သစ္စာမဲ့သောသူတို့ကိုမြင်သောအခါ စက်ဆုပ်ပါ၏။ အကြောင်းမူကား သူတို့သည် ကိုယ်တော်၏မိန့်တော်မူချက်တို့ကို မစောင့်ထိန်းကြပါ။
ဆိုးယုတ်သောသူကို အလျှော့ပေးလိုက်လျောသည့် ဖြောင့်မတ်သောသူသည် နောက်ကျိသောစမ်းရေတွင်း၊ သို့မဟုတ် ညစ်ညမ်းသောရေတွင်းနှင့်တူ၏။
ဖြောင့်မတ်သောသူတို့ အောင်ပွဲခံကြသောအခါ ကြီးစွာသောဂုဏ်ကျက်သရေရှိ၏။ ဆိုးယုတ်သောသူတို့ ခေါင်းထောင်လာသောအခါ၌မူကား လူတို့သည် ပုန်းရှောင်တတ်ကြ၏။
ထိုအခါ ထာဝရဘုရားက သူ့အား “ဂျေရုဆလင်မြို့လယ်ခေါင်သို့ သွားလော့။ မြို့လယ်ခေါင်တွင် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များအတွက် ညည်းတွားမြည်တမ်းသူများ၏နဖူးကို အမှတ်အသားပြုထားခဲ့လော့”ဟု မိန့်တော်မူ၏။
လူကြီးလူငယ်၊ အပျိုလူပျို၊ အမေနှင့်ကလေးပါမကျန် သတ်ပစ်လော့။ သို့သော် အမှတ်အသားပြုထားခဲ့သောသူတစ်ဦးတစ်ယောက်ကိုမျှ မထိကြနှင့်။ ငါ၏သန့်ရှင်းရာဌာနမှစတင်ပြုလော့”ဟု မိန့်တော်မူ၏။ သူတို့သည် အမိန့်တော်အတိုင်း အိမ်တော်ရှေ့ရှိ သက်ကြီးဝါကြီးတို့ကို စတင်သတ်ပစ်ကြလေ၏။
တစ်နည်းအားဖြင့် ပညတ်တရားသည် ဖြောင့်မတ်သောသူအတွက်ရှိသည်မဟုတ်ဘဲ တရားမဲ့သောသူများနှင့်နာခံမှုမရှိသောသူများ၊ ဘုရားတရားမဲ့သောသူများနှင့်အပြစ်သားများ၊ မသန့်ရှင်းသောသူများနှင့်ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူများ၊ ဖခင်ကိုသတ်သောသူများနှင့်မိခင်ကိုသတ်သောသူများ၊ လူသတ်သမားများ၊
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။
သို့ဖြစ်၍ သင်တို့သည် ကျန်းမာစေခြင်းကိုခံရမည့်အကြောင်း တစ်ဦးနှင့်တစ်ဦး မိမိ၏အပြစ်များကိုဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူ၏စိတ်အားထက်သန်သည့်ဆုတောင်းချက်သည် အလွန်တန်ခိုးပါ၍ ထိရောက်မှုရှိ၏။