သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
၂ တိ 3:3 - မြန်မာ့စံမီသမ္မာကျမ်း ကြင်နာစိတ်ကင်းမဲ့သောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းချောတတ်သောသူ၊ မိမိစိတ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊ ကောင်းသောအမှုကိုမုန်းသောသူ၊ Common Language Bible အကြင်နာကင်းမဲ့သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ သူတစ်ပါးအသရေကိုဖျက်သူ၊ အကြမ်းဖက် သူ၊ ကြမ်းတမ်းသူ၊ ကောင်းမြတ်သည့်အရာကို မုန်းသူ၊- Garrad Bible သင်္ဂ ဟ ကင်း သူ၊ ရန် ညိုး ဖွဲ့ သူ၊ ကုန်း ချော သူ၊ ကိုယ် ကို မ ချုပ် တည်း သူ၊ ကြမ်း ကြုတ် သူ၊ အ ကောင်း ကို မ နှစ် သက် သူ၊ Judson Bible ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သနားကြင်နာစိတ်မရှိသူ၊ မသင့်မြတ်လိုသူ၊ အတင်းအဖျင်းပြောသူ၊ စိတ်အလိုလိုက်သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ ကောင်းမှုကို မုန်းသူ၊ |
သူတို့၏အမျက်သည် ခက်ထန်၍ သူတို့၏ဒေါသသည် ကြမ်းတမ်းသောကြောင့် ကျိန်ဆဲခြင်းခံရပါစေ။ ငါသည် သူတို့ကို ယာကုပ်အမျိုးထဲတွင် ကွဲပြားစေမည်။ အစ္စရေးလူမျိုးထဲတွင် ကွဲလွင့်စေမည်။
ဆိုးယုတ်သောသူကို အယုတ်ဟုမြင်သောသူ၊ ထာဝရဘုရားကိုကြောက်ရွံ့သောသူအား ရိုသေလေးမြတ်သောသူ၊ မိမိအကျိုးထိခိုက်လျှင်ပင် ကျိန်ဆိုထားသောကတိကိုမဖျက်သောသူ၊
အကျွန်ုပ်မူကား လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်ပါ၏။ လူတို့ကဲ့ရဲ့ပြစ်တင်စရာနှင့် လူအများမထီမဲ့မြင်ပြုစရာဖြစ်ပါ၏။
သူသည် မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ လူတို့၏ငြင်းပယ်ခြင်းကိုခံရ၏။ ဒုက္ခဝေဒနာခံရသောသူ၊ နာကျင်ခြင်းဝေဒနာနှင့် မိတ်ဖွဲ့ရသူဖြစ်၏။ မျက်နှာလွှဲခြင်းဖြင့် သူ့ကိုမထီမဲ့မြင်ပြုကြ၏။ ငါတို့သည်လည်း သူ့ကိုအလေးမထားကြ။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
ထိုနိုင်ငံများပျက်သုဉ်းချိန်ရောက်ခါနီး ပုန်ကန်ထကြွမှုများ ပေါ်ပေါက်သောအခါ မျက်နှာထားခက်ထန်ပြီး စကားလိမ်လည်ရာ၌ ကျွမ်းကျင်သောရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။
ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။
ထို့နောက် ယေရှုသည် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံရန် ဝိညာဉ်တော်အားဖြင့် တောကန္တာရသို့ပင့်ဆောင်ခြင်းကိုခံတော်မူ၏။
သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။
ငွေကိုတပ်မက်သောဖာရိရှဲတို့သည် ဤအရာအားလုံးကိုကြားလျှင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။
ယေရှုကလည်း“တစ်ဆယ့်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင်တို့ထဲမှတစ်ဦးသည် မာရ်နတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
သူတို့သည် အလုံးစုံသော မတရားမှု၊ ဆိုးညစ်မှု၊ လောဘလွန်ကျူးမှုနှင့် မကောင်းမှုတို့ဖြင့် ပြည့်ဝလျက်ရှိကြပြီး မလိုမုန်းထားခြင်း၊ လူသတ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စဉ်းလဲခြင်း၊ ရန်ငြိုးဖွဲ့ခြင်းတို့ဖြင့် ပြည့်နှက်ကြကာ အတင်းအဖျင်းပြောဆိုသောသူ၊
အသိတရားကင်းမဲ့သောသူ၊ ကတိမတည်သောသူ၊ ကြင်နာစိတ်ကင်းမဲ့သောသူ၊ သနားခြင်းစိတ်မရှိသောသူများဖြစ်ကြ၏။
သင်တို့သည် ဆုတောင်းခြင်းအတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။
သို့သော် မိမိကိုယ်ကိုမချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြစေ။ အကြောင်းမူကား ကိလေသာစိတ်ပူလောင်ခြင်းရှိသည်ထက် အိမ်ထောင်ပြုသော် သာ၍ကောင်း၏။
ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။
ထိုနည်းတူ ဇနီးသည်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ ကုန်းချောတတ်သောသူမဟုတ်ဘဲ သမ္မာသတိရှိသောသူ၊ ခပ်သိမ်းသောအရာတို့၌ သစ္စာရှိသောသူများဖြစ်ရမည်။
ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်သောအရာကိုနှစ်သက်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ မိမိကိုယ်ကိုချုပ်တည်းနိုင်သောသူဖြစ်ရမည်။
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဓမ္မဝတ်နှင့်ထိုက်တန်သောသူများကဲ့သို့ပြုမူလျက် ကုန်းချောတတ်သောသူ၊ စပျစ်ဝိုင်၏ကျေးကျွန်ဖြစ်သောသူမဟုတ်ဘဲ ကောင်းမြတ်သောအရာကိုသင်ပေးသောသူများဖြစ်ကြရန် ဟောပြောလော့။
သို့ရာတွင် သင်တို့သည် ဆင်းရဲသောသူတို့ကို မထီလေးစားပြုကြသည်တကား။ ချမ်းသာသောသူတို့သည် သင်တို့ကို ဖိနှိပ်ခြယ်လှယ်ကြသည်မဟုတ်လော။ သူတို့သည် သင်တို့ကို တရားရုံးသို့ ဆွဲခေါ်သွားကြသည်မဟုတ်လော။
သူတို့၏မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့်ပြည့်နှက်၍ အပြစ်ပြုရာမှရပ်တန့်ခြင်းမရှိကြ။ သူတို့သည် စိတ်မတည်ကြည်သောသူတို့ကို လှည့်ဖြားဆွဲဆောင်လျက် လောဘလွန်ကျူးခြင်း၌ကျင့်သားရသော စိတ်နှလုံးရှိ၍ ကျိန်ဆဲခြင်း၏သားသမီးများဖြစ်ကြ၏။
သူတို့သည် ထိုသူတို့အား လွတ်လပ်မှုကိုပေးမည်ဟု ကတိပေးလျက်နှင့် သူတို့ကိုယ်တိုင်သည် ပျက်စီးခြင်း၏ကျေးကျွန်များဖြစ်ကြ၏။ အကြောင်းမူကား လူသည် တစ်စုံတစ်ခု၏အနိုင်ယူစိုးမိုးခြင်းကိုခံရလျှင် ထိုအရာ၏ကျေးကျွန်ဖြစ်၏။
ပထမဦးစွာ သင်တို့သိထားရမည့်အချက်မှာ ပြက်ရယ်ပြုတတ်သောသူတို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ပြက်ရယ်ပြုလျက်ပေါ်လာ၍ မိမိတို့၏တပ်မက်ခြင်းများအတိုင်း လျှောက်လှမ်းကာ
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့ခြင်းနှင့်ဆိုင်သော တပ်မက်ခြင်းများအတိုင်းလျှောက်လှမ်းသည့် ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မည်”ဟု သင်တို့အား ပြောထားခဲ့ကြ၏။
တစ်ဖန် သားရဲ၏ရုပ်တုသည် စကားပြောနိုင်ရန်နှင့် သားရဲ၏ရုပ်တုကိုမကိုးကွယ်သောသူရှိသမျှတို့ကို သတ်ဖြတ်စေရန် ထိုသားရဲ၏ရုပ်တုအား အသက်သွင်းပေးနိုင်သောအခွင့်ကို ရရှိလေ၏။
သားရဲ၏အမည်၊ သို့မဟုတ် သူ့အမည်၏ကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ်မရှိလျှင် မည်သူမျှ အရောင်းအဝယ်မပြုနိုင်ရန်စီရင်လေ၏။
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။