ဒဏ္ဍာရီများနှင့် မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို အာရုံမစိုက်ကြရန်လည်းကောင်း ညွှန်ကြားလော့။ ထိုအရာတို့သည် ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများကိုသာဖြစ်စေ၏။
၂ တိ 2:23 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုမူကား ခိုက်ရန်ဖြစ်ပွားစေတတ်သည်ဟု သိမှတ်လျက် ရှောင်ရှားလော့။ Common Language Bible သို့ရာတွင်မိုက်မဲ၍အသိပညာကင်းမဲ့သော ငြင်းခုံမှုများကိုရှောင်လော့။ ယင်းတို့သည်ခိုက် ရန်ဖြစ်ပွားမှုကိုပြုစုပေးတတ်ကြောင်းသင် သိ၏။- Garrad Bible ပ ညာ ကင်း၍ မိုက် မဲ စွာ စော ဒ နာ ချက် များ ကို ကား ခိုက် ရန် ဖြစ် စေ တတ် ကြောင်း သိ လျက် ပယ် ရှား လော့။ Judson Bible မိုက်မဲ၍ ပညာကင်းသော ပုစ္ဆာအမေးတို့သည် ရန်ပွားစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုများသည် ခိုက်ရန်ကိုသာ ဖြစ်ပွားစေကြောင်း သင်သိသဖြင့် ရှောင်ကြဉ်လော့။ |
ဒဏ္ဍာရီများနှင့် မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို အာရုံမစိုက်ကြရန်လည်းကောင်း ညွှန်ကြားလော့။ ထိုအရာတို့သည် ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများကိုသာဖြစ်စေ၏။
သို့သော် ဘုရားတရားနှင့်မဆိုင်သည့် အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများကိုရှောင်ရှား၍ ဘုရားဝတ်၌မွေ့လျော်ခြင်းအတွက် သင့်ကိုယ်သင်လေ့ကျင့်ပေးလော့။
ဤအကြောင်းအရာများကို သူတို့အား သတိပေးနှိုးဆော်လော့။ မည်သည့်အကျိုးမျှမရှိဘဲ ကြားနာသောသူတို့ကို ပျက်စီးစေသည့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းကိုမပြုကြရန် ဘုရားသခင်ရှေ့တော်၌ သူတို့ကို အလေးအနက်တိုက်တွန်းလော့။
သို့သော် ဘုရားတရားနှင့်မဆိုင်သော အချည်းနှီးစကားများကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ၎င်းတို့သည် ဘုရားတရားမဲ့ခြင်းကို ပို၍တိုးပွားစေတတ်၏။
သို့သော် မိုက်မဲသောအငြင်းပွားမှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနှင့် ပညတ်တရားကြောင့် ခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ထိုအရာတို့သည် အကျိုးမဲ့၍ အချည်းနှီးဖြစ်ကြ၏။
သင်တို့တွင်ရှိသော စစ်တိုက်ခြင်းနှင့်ခိုက်ရန်ဖြစ်ခြင်းတို့သည် အဘယ်ကဖြစ်လာကြသနည်း။ သင်တို့၏ကိုယ်အင်္ဂါများထဲ၌ ပြိုင်ဆိုင်တိုက်ခိုက်နေကြသည့် သင်တို့၏ကာမဂုဏ်ခံစားလိုသောစိတ်မှ ဖြစ်လာကြသည်မဟုတ်လော။