၂ တိ 1:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါလက်တင်သောအားဖြင့် သင်ရရှိသောဘုရားသခင်၏ဆုကျေးဇူးကို ပြန်လည်လှုံ့ဆော်ရန် သင့်ကို ငါသတိပေး၏။ Common Language Bible သို့ဖြစ်၍သင့်အပေါ်ငါသိက္ခာတင်မင်္ဂလာပေး စဉ်အခါက သခင်ဘုရားထံတော်မှသင်ရ ရှိသည့်ဆုကျေးဇူးကိုရှင်သန်လျက်ရှိနေ စေရန်သင့်အားငါသတိပေးနှိုးဆော်၏။- Garrad Bible ငါ လက် တင် ခြင်း အား ဖြင့် သင် ရ သော ဘု ရား သ ခင့် ဆု ကျေး ဇူး တော် မီး ကို မွေး စေ ခြင်း ငှာ သ တိ ပေး လိုက် ၏။ Judson Bible ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည်အကြောင်း၊ ငါသည် သင့်ကိုသတိပေး၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင့်အပေါ် ကျွန်ုပ်လက်တင်စဉ်က ဘုရားသခင် သင့်အား ပေးတော်မူသော ဆုကျေးဇူးကို ပြန်လည်တောက်လောင်စေရန် လှုံ့ဆော်လော့ဟု ကျွန်ုပ်သတိပေး၏။ |
မောရှေသည် ဗေဇလေလနှင့် အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားထံမှ ဉာဏ်ပညာရရှိသော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ကိုလည်းကောင်း၊ အလုပ်လာလုပ်ရန်စိတ်အားထက်သန်သောသူအပေါင်းတို့ကိုလည်းကောင်း ခေါ်လေ၏။
ငါ့ကို သတိပေးလော့။ အတူတကွ တရားဆိုင်ကြစို့။ သင်ဖြောင့်မတ်ကြောင်း တင်ပြလော့။
ခရီးမပြုမီ မိမိ၏အစေအပါးဆယ်ဦးကိုခေါ်၍ ငွေဆယ်မိနာ့ပေးလျက် ‘ငါပြန်လာသည်အထိ စီးပွားရှာကြလော့’ဟု မှာထားခဲ့၏။
ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။
သူတို့ကို တမန်တော်တို့ရှေ့၌ရပ်စေကြ၏။ ထိုအခါ တမန်တော်တို့သည် ဆုတောင်းလျက် သူတို့အပေါ်လက်တင်ကြ၏။
အသင်းတော်အကြီးအကဲများ၏လက်တင်ခြင်းနှင့်တကွ ပရောဖက်ပြုဟောပြောခြင်းအားဖြင့် သင့်အပေါ်ပေးအပ်ထား၍ သင်၌ရှိသည့်ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။
ဤအကြောင်းအရာများကို သူတို့အား သတိပေးနှိုးဆော်လော့။ မည်သည့်အကျိုးမျှမရှိဘဲ ကြားနာသောသူတို့ကို ပျက်စီးစေသည့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းကိုမပြုကြရန် ဘုရားသခင်ရှေ့တော်၌ သူတို့ကို အလေးအနက်တိုက်တွန်းလော့။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။
ဗတ္တိဇံနှင့်ဆိုင်သောသွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရပြစ်ဒဏ်စီရင်ခြင်း စသည့်အကြောင်းအရာများ၌ ထပ်၍အခြေမပြုဘဲနေကြကုန်စို့။
ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကိုသိရှိကြ၍ သင်တို့တွင်ရှိသောသမ္မာတရား၌ ခိုင်ခံ့မြဲမြံကြပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ သင်တို့ကို အစဉ်သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထား၏။
ချစ်ရသောသူတို့၊ ယခု ဤဒုတိယစာကို သင်တို့ထံသို့ ငါရေးလိုက်၏။ ငါသည် ဤစာနှစ်စောင်လုံးတွင် သင်တို့ကိုသတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့၏ဖြူစင်သောစိတ်နှလုံးကို နိုးကြားတက်ကြွစေ၏။
သင်တို့သည် ဤအရာအားလုံးကိုသိကြပြီဖြစ်သော်လည်း သင်တို့ကို ငါသတိပေးနှိုးဆော်လိုသည်မှာ ထာဝရဘုရားသည် လူမျိုးတော်ကို အီဂျစ်ပြည်မှ အပြီးအပိုင်ကယ်လွှတ်တော်မူပြီးနောက် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။