အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ကော 8:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​အပေါ် ငါ​ထားရှိ​သော စိတ်အား​ထက်သန်​မှု​မျိုး​ကို တိတု​၏​စိတ်နှလုံး​ထဲ၌ ထည့်သွင်း​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​အား​ကူ​ညီ​မ​စ​ရန်​ငါ​တို့​၌​စိတ် အား​ထက်​သန်​မှု​ရှိ​သ​ကဲ့​သို့ တိ​တု​၌​လည်း ရှိ​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ နှင့် စပ်၍ ငါ စိတ် အား ကြီး ခြင်း နှင့် အ မျှ တိ တု အား ပေး သ နား တော် မူ သော ဘု ရား သ ခင် ကျေး ဇူး တော် သည် ကြီး လှ ပေ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သို့​သင်​တို့၏ အ​ကျိုး​ကို​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ကို ဘု​ရား​သ​ခင်​သည် တိ​တု​အား​လည်း ပေး​တော်​မူ​သော ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​အား ကူညီ​ရန် ကျွန်ုပ်​၌​စိတ်အားထက်သန်မှု​ရှိ​သကဲ့သို့ တိတု​၌လည်း ရှိစေတော်မူသော ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။

အခန်းကိုကြည့်ပါ။



၂ ကော 8:16
13 ပူးပေါင်းရင်းမြစ်များ  

ဟေဇကိ​မင်းကြီး​နှင့်​မှူးမတ်​တို့ ရောက်လာ​၍ စုပုံ​ထား​သော​အလှူပစ္စည်း​များ​ကို​တွေ့​လျှင် ထာဝရဘုရား​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို ချီးမွမ်းထောမနာ​ပြု​လေ​၏​။


ဧဇရ​က “ဂျေရုဆလင်​မြို့​ရှိ ထာဝရဘုရား​၏​အိမ်​တော်​အား ခန့်ညား​ထည်ဝါ​အောင် ပြု​ပေး​လို​သော​စိတ်​ကို ရှင်ဘုရင်​၌ ရှိ​စေ​တော်မူ​သော အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​စေ​သတည်း​။


ငါ​၏​ဘုရားသခင် ငါ့​အား​ဖွင့်ပြ​ပေး​သော ဂျေရုဆလင်​မြို့​နှင့်​ဆိုင်​သည့် လုပ်ဆောင်​ရ​မည့်​အရာ​ကို မည်သူ့​ကို​မျှ​မ​ပြော​၊ ငါ​နှင့်​ပါလာ​သော​လူ​အချို့​တို့​နှင့် ညအချိန်​တွင်​ထ​၍ ငါ​စီးလာ​သော​မြင်း​မှတစ်ပါး အခြား​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​ပါ​ဘဲ


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးအနွယ်​၊ ယုဒ​အမျိုးအနွယ်​တို့​နှင့် ပဋိညာဉ်​သစ်​ဖွဲ့​မည့်​နေ့ရက် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​ကို မ​စွန့်ပစ်​ဘဲ အစဉ်​ကောင်းစား​စေ​မည့်​အကြောင်း ငါ​သည် သူ​တို့​နှင့် ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။ သူ​တို့​သည် ငါ့​ထံမှ မ​ထွက်သွား​မည့်​အကြောင်း ငါ့​ကို​ကြောက်ရွံ့ရိုသေ​ခြင်း​သဘော​ကို သူ​တို့​စိတ်နှလုံး​ထဲသို့ သွင်းပေး​မည်​။


သို့ဖြစ်၍ ငါ​သည် သင်​တို့​ထံသို့​ရေးသား​ခဲ့​ခြင်း​မှာ ပြစ်မှား​သော​သူ​အတွက်​ကြောင့်​မ​ဟုတ်။ ပြစ်မှား​ခြင်း​ခံရ​သော​သူ​အတွက်​ကြောင့်​လည်း​မ​ဟုတ်။ ငါ​တို့​အပေါ်​ထားရှိ​သော သင်​တို့​၏​စိတ်အား​ထက်သန်​မှု​ကို ဘုရားသခင်​ရှေ့​တော်​၌ သင်​တို့​ကိုယ်တိုင်​တွေ့မြင်​ကြ​စေရန်​အတွက်​သာ​ဖြစ်​၏။


တိတု​ရောက်ရှိ​လာ​ခြင်း​အားဖြင့်​သာ​မက သင်​တို့​ထံမှ တိတု​ခံစား​ရ​သော​နှစ်သိမ့်မှု​အားဖြင့်​လည်း ငါ​တို့​ကို နှစ်သိမ့်​ပေး​တော်မူ​၏။ တစ်နည်းဆိုသော် သင်​တို့​သည် ငါ့​ကို​လွမ်းဆွတ်​နေ​ကြောင်း၊ အလွန်​ဝမ်းနည်း​နေ​ကြောင်း​နှင့် ငါ့​အပေါ်​စေတနာ​စိတ်​ထက်သန်​လျက်​ရှိ​ကြောင်း​ကို ငါ​တို့​အား တိတု​ပြောပြ​သောကြောင့် ငါ​သည် ပို၍​ဝမ်းမြောက်​၏။


တိတု​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​သည် ငါ​၏​အပေါင်းအဖော်​ဖြစ်​ပြီး သင်​တို့​အတွက် ငါ​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​၏။ ငါ​တို့​၏​အခြား​ညီအစ်ကို​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​တို့​သည် ခရစ်တော်​၏​ဘုန်း​အသရေ​တည်းဟူသော အသင်းတော်​များ​၏​စေတမန်​ဖြစ်​ကြ​၏။


ထို့ကြောင့် တိတု​သည် ထို​ကျေးဇူးပြု​ခြင်း​အမှု​ကို သင်​တို့​တွင်​အစပြု​ခဲ့​သကဲ့သို့ ပြီးပြည့်စုံ​သည့်​တိုင်အောင်​ပြု​မည့်​အကြောင်း သူ့​ကို ငါ​တို့​တိုက်တွန်း​ကြ​၏။


အကြောင်းမူကား တိမောသေ​ကဲ့သို့ ငါ​နှင့်​စိတ်​သဘောချင်း​တူ​၍ သင်​တို့​အကျိုး​ကို အမှန်တကယ်​အလေးထား​ဂရုစိုက်​မည့်​သူ တစ်စုံတစ်ဦး​မျှ ငါ​၌​မ​ရှိ။


သင်​တို့​ပြု​သမျှ​သော​အရာ​တို့​ကို​လည်း ပြောဆို​မှု​၌​ဖြစ်စေ၊ လုပ်ဆောင်​မှု​၌​ဖြစ်စေ အရာ​ခပ်သိမ်း​တို့​ကို သခင်​ယေရှု​၏​နာမ​တော်​၌​ပြု​လျက် ကိုယ်တော်​အားဖြင့် ခမည်းတော်​ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​လော့။


အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​နှုတ်ကပတ်တော်​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​သည်​အထိ သူ​တို့​သည် တစ်စိတ်​တစ်သဘောတည်း​ဖြစ်​လျက် မိမိ​တို့​၏​နိုင်ငံ​များ​ကို သားရဲ​ထံ​ပေးအပ်​ခြင်း​အားဖြင့် ဘုရားသခင်​၏​အကြံအစည်​တော်​အတိုင်း ဆောင်ရွက်​မည့်​သဘော​ကို သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ထည့်သွင်း​တော်မူ​၏။