ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
၂ ကော 5:14 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။ Common Language Bible တစ်ယောက်သောသူသည်လူအပေါင်းတို့ အတွက်အသေခံသဖြင့် လူအပေါင်းတို့ သည်ထိုသူနှင့်အတူအသေခံကြကြောင်း ကိုငါတို့ယခုသိကြပြီဖြစ်၍ ငါတို့ကို ခရစ်တော်၏မေတ္တာတော်သည်အုပ်စိုးလေ ပြီ။- Garrad Bible အ သို့ ဆို သော် တစ် ပါး သည် ရှိ သ မျှ တို့ အ တွက် အ သေ ခံ တော် မူ သ ဖြင့် ရှိ သ မျှ တို့ အ သေ ခံ ကြ ကြောင်း ကို လည်း ကောင်း၊ အ သက် ရှင် သူ တို့ သည် ကိုယ့် အ ဖို့ မ ဟုတ်၊ သူ တို့ အ တွက် အ သေ ခံ၍ ရှင် ပြန် ထ မြောက် တော် မူ သော အ ရှင့် အ ဖို့ ရှင် လျက် နေ ကြ စေ ခြင်း ငှာ အ သေ ခံ တော် မူ ကြောင်း ကို လည်း ကောင်း၊ ငါ တို့ စိတ် ပြ ဋ္ဌာန်း ပြီး ဖြစ် သည့် အ လျောက် ခ ရစ် တော်၏ ချစ် ခြင်း မေ တ္တာ တော် သည် ငါ တို့ ကို အုပ် ချုပ် လျက် ရှိ ၏။ Judson Bible အကြောင်းမူကား၊ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို လွှမ်းမိုးလျက်ရှိ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံလျှင် လူအပေါင်းတို့သည် ထိုသူနှင့်အတူ အသေခံကြောင်းကို ကျွန်ုပ်တို့သိကြပြီ။ |
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
အကြောင်းမူကား အကျွန်ုပ်မှာ ပြောစရာစကား အများအပြားရှိ၏။ အကျွန်ုပ်အတွင်းရှိ ဝိညာဉ်သည် အကျွန်ုပ်ကို နှိုးဆော်လျက်နေ၏။
အကျွန်ုပ်ကို ဆွဲခေါ်သွားပါ။ အကျွန်ုပ်တို့ ပြေးကြပါစို့။ ရှင်ဘုရင်သည် အကျွန်ုပ်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားပါ၏။” “အကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက်ကြပါ၏။ စပျစ်ဝိုင်ထက် အရှင့်မေတ္တာအကြောင်းကို ချီးမွမ်းကြပါမည်။ အရှင့်ကို အမှန်တကယ်ချစ်ကြပါ၏။”
ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။
အကြောင်းမူကား ငါ၏ဤသားသည် သေဆုံးခဲ့သော်လည်း ပြန်ရှင်လာပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီ’ဟု ဆိုလေ၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကိုအစပြုကြလေ၏။
သို့သော် သင်၏ညီသည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်ပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရသည်ဖြစ်၍ ယခုဝမ်းမြောက်ပျော်ရွှင်သင့်၏’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
သူတို့က “မိုးချုပ်ခါနီး၍ တစ်နေ့တာလည်း ကုန်လုနီးပြီဖြစ်သောကြောင့် အကျွန်ုပ်တို့နှင့်အတူတည်းခိုပါ”ဟု ဆိုလျက် ကိုယ်တော်ကိုမရအရဖိတ်ခေါ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့နှင့်အတူတည်းခိုရန် လိုက်သွားတော်မူ၏။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
ယေရှုကလည်း“ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေခဲ့လျှင်ပင် အသက်ရှင်လိမ့်မည်။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏အသံကိုကြား၍ ကြားသောသူတို့သည် အသက်ရှင်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။
သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
ထိုသို့သောအမှုများကို ပြုကျင့်သောသူတို့အပေါ်၌ ဘုရားသခင်၏တရားစီရင်ခြင်းသည် သမ္မာတရားနှင့်အညီသက်ရောက်သည်ကို ငါတို့သိကြ၏။
သို့ရာတွင် ဆုကျေးဇူးသည် ကျူးလွန်သောအပြစ်ကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် များစွာသောသူတို့သည် သေခဲ့လျှင် ဘုရားသခင်၏ကျေးဇူးတော်နှင့် ယေရှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ကျေးဇူးတော်အားဖြင့် သက်ရောက်သောကောင်းချီးလက်ဆောင်သည် များစွာသောလူတို့၌ ပို၍ပင် ကြွယ်ဝပြည့်စုံမည်ဖြစ်၏။
သင်တို့၏ကိုယ်အင်္ဂါများကိုလည်း မတရားမှု၏လက်နက်များအဖြစ် အပြစ်အား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သေသောသူတို့ထဲမှ အသက်ရှင်လာသူကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်အား ဆက်သ၍ သင်တို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏လက်နက်များအဖြစ် ဘုရားသခင်အား ဆက်သကြလော့။
ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။
မည်သူမဆို သခင်ဘုရားကိုမချစ်လျှင် ကျိန်ခြင်းကိုခံပါစေ။ သခင်ဘုရား၊ ကြွလာတော်မူပါ။
ဇာတိနှင့်ဆိုင်သောလူသည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မခံယူပေ။ အကြောင်းမူကား ထိုအရာတို့သည် သူ့အတွက် မိုက်မဲသောအရာဖြစ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍သိနိုင်သည်ဖြစ်၍ သူသည် ၎င်းတို့ကိုနားမလည်နိုင်။
ကျောက်ပြားပေါ်ရေးထွင်း၍ အက္ခရာတင်ထားသော သေခြင်းနှင့်ဆိုင်သည့် အမှုပင်လျှင် ဘုန်းအသရေဖြင့်ရောက်လာ၍ မောရှေ၏မျက်နှာမှထွက်သော မှေးမှိန်သွားသည့်ဘုန်းအသရေကြောင့် အစ္စရေးအမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်နိုင်ခဲ့ကြသည်ဆိုလျှင်
အကြောင်းမူကား အပြစ်ကိုထင်ရှားစေသည့်အမှု၌ ဘုန်းအသရေရှိလျှင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမှုသည် သာ၍ကြီးမားသောဘုန်းအသရေနှင့် ပြည့်စုံပေလိမ့်မည်။
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။
ငါတို့၏သခင်ယေရှုခရစ်တော်ကို မဖောက်ပြန်သောမေတ္တာဖြင့် ချစ်သောသူအပေါင်းတို့အပေါ်၌ ကျေးဇူးတော်သက်ရောက်ပါစေသော။
ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး
အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။
ထိုအရှင်သည် လူအပေါင်းတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိကိုယ်ကိုပေးအပ်တော်မူ၏။ ဤသည်ကား အချိန်တန်သောအခါ ပေးတော်မူသောသက်သေခံချက်ဖြစ်၏။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် သေခြင်းကိုမြည်းစမ်းစေရန် ကောင်းကင်တမန်တို့ထက် ခေတ္တခဏ နိမ့်ကျစေခြင်းကိုခံရ၍ သေခြင်းနှင့်ဆိုင်သောဒုက္ခဝေဒနာကိုခံစားရသောကြောင့် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သရဖူဆောင်းရသည့်ယေရှုကို ငါတို့မြင်ရကြ၏။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြသည်ကိုလည်းကောင်း၊ ကမ္ဘာလောကတစ်ခုလုံးသည် မာရ်နတ်လက်အောက်၌ရှိသည်ကိုလည်းကောင်း ငါတို့သိကြ၏။