ရောမ 2:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထိုသို့သောအမှုများကို ပြုကျင့်သောသူတို့အပေါ်၌ ဘုရားသခင်၏တရားစီရင်ခြင်းသည် သမ္မာတရားနှင့်အညီသက်ရောက်သည်ကို ငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ထိုသို့အကျင့်ဆိုးများကိုပြုကျင့်သူတို့ အားဘုရားသခင်အပြစ်စီရင်တော်မူသည် မှာ လျော်ကန်သင့်မြတ်ကြောင်းကိုငါတို့သိ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ထို သို့ ပြု ကျင့် တတ် သူ တို့ အ ပေါ် တွင် ဘု ရား သ ခင် စီ ရင် တော် မူ ချက် သည်၊ အ ဟုတ် အ မှန် အ တိုင်း သင့် ရောက် ကြောင်း ငါ တို့ သိ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်းအရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထိုသို့သောဆိုးယုတ်မှုများကို ကျူးလွန်သောသူတို့အား ဘုရားသခင် အပြစ်စီရင်သည်မှာ သမ္မာတရားနှင့် ညီကြောင်း ကျွန်ုပ်တို့သိကြ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။