မောရှေသည် ထာဝရဘုရား၏ရှေ့တော်သို့ဝင်ရောက်၍ စကားပြောသောအခါ သူပြန်ထွက်မလာမီအချိန်အထိ မျက်နှာဖုံးကို မဖုံးအုပ်ဘဲနေ၏။ သူပြန်ထွက်လာ၍ အစ္စရေးအမျိုးသားတို့အား ကိုယ်တော်မိန့်ဆိုသောအရာကို ဆင့်ဆိုသောအခါ
၂ ကော 3:16 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သခင်ဘုရားထံသို့ ပြန်လှည့်လာသောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းခံရ၏။ Common Language Bible သို့ရာတွင်ယင်းကိုဖယ်ရှားနိုင်၏။ မောရှေနှင့်ပတ် သက်၍ကျမ်းစာတော်က ``သူသည်သခင်ဘုရား ထံသို့ပြောင်းလဲသောအခါ သူ၏ပဝါသည်ပယ် ရှား၍သွား၏'' ဟုဆို၏။- Garrad Bible အ ရှင် ဘု ရား ထံ လှည့် ဝင် လျှင် မူ ကား ထို အ ဖုံး အ ကာ ပယ် ရှား လိမ့် မည်။ Judson Bible သို့သော်လည်း သခင်ဘုရားထံတော်သို့ ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်းလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တစ်စုံတစ်ယောက်သည် သခင်ဘုရားထံသို့ ပြန်လှည့်လာသောအခါ ထိုပဝါသည် သူ့ထံမှ ဖယ်ရှားခံရ၏။ |
မောရှေသည် ထာဝရဘုရား၏ရှေ့တော်သို့ဝင်ရောက်၍ စကားပြောသောအခါ သူပြန်ထွက်မလာမီအချိန်အထိ မျက်နှာဖုံးကို မဖုံးအုပ်ဘဲနေ၏။ သူပြန်ထွက်လာ၍ အစ္စရေးအမျိုးသားတို့အား ကိုယ်တော်မိန့်ဆိုသောအရာကို ဆင့်ဆိုသောအခါ
ကိုယ်တော်သည် လူအားလုံးတို့ကို ဖုံးအုပ်သောအဝတ်စ၊ တိုင်းနိုင်ငံအားလုံးတို့အပေါ် လွှမ်းထားသောခြုံထည်တို့ကို ဤတောင်ပေါ်တွင် ဖျက်ဆီးတော်မူမည်။
ထိုနေ့ရက်၌ နားမကြားသောသူတို့သည် စာလိပ်ထဲမှစာကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် အမှောင်အမိုက်ထဲမှ မြင်ကြလိမ့်မည်။
သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
သူတို့သည်လည်း မယုံကြည်မှုကိုစွန့်ပယ်လျှင် ကိုင်းဆက်ကူးခြင်းခံရကြလိမ့်မည်။ အကြောင်းမူကား သူတို့ကို နောက်တစ်ဖန်ကိုင်းဆက်ကူးရန် ဘုရားသခင်တတ်နိုင်တော်မူ၏။
ယနေ့တိုင်အောင် မောရှေ၏ကျမ်းများကိုဖတ်သည့်အခါတိုင်း ထိုသူတို့၏စိတ်နှလုံးပေါ်တွင် ထိုမျက်နှာလွှားသည် ဖုံးအုပ်လျက်ရှိ၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်လျက် ဤပညတ်တရားကျမ်း၌ ရေးသားထားသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းရမည်။ သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာရမည်။
သင်တို့သည် နောင်ကာလ၌ ဤအမှုအလုံးစုံတို့နှင့်ကြုံတွေ့၍ ဆင်းရဲဒုက္ခခံရသောအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံသို့ပြန်လာ၍ ကိုယ်တော်၏စကားကို နားထောင်ကြလိမ့်မည်။