ရောမ 11:23 - မြန်မာ့စံမီသမ္မာကျမ်း23 သူတို့သည်လည်း မယုံကြည်မှုကိုစွန့်ပယ်လျှင် ကိုင်းဆက်ကူးခြင်းခံရကြလိမ့်မည်။ အကြောင်းမူကား သူတို့ကို နောက်တစ်ဖန်ကိုင်းဆက်ကူးရန် ဘုရားသခင်တတ်နိုင်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 ယုဒအမျိုးသားတို့သည်မယုံကြည်သော စိတ်စွန့်၍ယုံကြည်ကြမည်ဆိုပါက အငုတ် တွင်ပြန်လည်ကိုင်းဆက်စိုက်ပျိုးခြင်းကိုခံရ ကြလိမ့်မည်။ ဘုရားသခင်သည်ဤအမှုကို ပြုတော်မူနိုင်၏။- အခန်းကိုကြည့်ပါ။Garrad Bible23 ထို သူ တို့ လည်း မ ယုံ ကြည် သော အ ဖြစ်၌ မ တည် မ နေ လျှင် တစ် ဖန် ဆက် ထား နိုင် သော ဘု ရား သ ခင် သည် ဆက် ထား တော် မူ ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible23 သူတို့သည် မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တစ်ဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တစ်ဖန်ဆက်၍ စိုက်ခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း23 အစ္စရေးလူမျိုးတို့သည် မယုံကြည်သောစိတ်ကို စွန့်လျှင် ကိုင်းဆက်ကူးခွင့်ကို ပြန်၍ ရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူတို့ကို ပြန်၍ ကိုင်းဆက်ကူးစေရန် တတ်နိုင်တော်မူသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအတိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း။