ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
၂ ကော 12:19 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် သင်တို့ရှေ့၌ မိမိတို့ကိုယ်ကို ကာကွယ်ပြောဆိုနေကြသည်ဟု တစ်ချိန်လုံး သင်တို့ထင်မှတ်နေကြသလော။ ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ပြောဆိုနေကြ၏။ ချစ်ရသောသူတို့၊ အရာအားလုံးသည် သင်တို့၏တည်ဆောက်စရာအတွက်ဖြစ်၏။ Common Language Bible ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။- Garrad Bible သင် တို့ ရှေ့ ငါ တို့ ထု ချေ သည် ဟု ထင် လျက် နေ ကြ သ လော။ အို ချစ် သူ တို့၊ ခ ရစ် တော် အား ဖြင့် ဘု ရား သခင့် မျက် မှောက် တော်၌ ငါ တို့ သည် သင် တို့ ကို ဆောက် တည် ခြင်း အ လို့ ငှာ အ ရာ ရာ ပြော ဆို၏။ Judson Bible တစ်ဖန်တုံ၊ ငါတို့သည် သင်တို့ရှေ့၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟု ထင်ကြသလော။ ခရစ်တော်ကိုထောက်၍ ဘုရားသခင်ရှေ့၌ ငါတို့ ပြောကြ၏။ ချစ်သူတို့၊ ငါတို့ပြုသမျှမှာ သင်တို့ကို တည်ဆောက်ခြင်းအလိုငှာ ပြုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုနေကြသည်ဟု သင်တို့ တစ်ချိန်လုံးထင်မှတ်နေကြသလော။ ကျွန်ုပ်တို့သည် ခရစ်တော်ပြောဆိုစေတော်မူလိုသည့်အတိုင်း ဘုရားသခင် ရှေ့တော်မှောက်၌ ပြောဆိုကြ၏။ ချစ်ရသောသူတို့… ကျွန်ုပ်တို့လုပ်ဆောင်သမျှ အရာရာတိုင်းသည် သင်တို့ကို ဆောက်တည်ပေးနိုင်ရန်ဖြစ်၏။ |
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှုအရာများကို ကြိုးစားပြုကြကုန်စို့။
ငါတို့အသီးသီးသည် မိမိဝန်းကျင်၌ရှိသောသူကိုတည်ဆောက်မြှင့်တင်ပေးရန် သူ၏ကောင်းကျိုးကိုထောက်၍ သူ့ကိုနှစ်သက်စေရမည်။
ငါသည် ခရစ်တော်၌ မုသားမပါ ဟုတ်မှန်ရာကိုပြောမည်။ ငါ၏အသိစိတ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါနှင့်အတူသက်သေခံလျက်နေသည့်အကြောင်းကား
ထိုနည်းတူ ငါသည်လည်း လူတို့ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုရှေးရှုလျက် ခပ်သိမ်းသောအမှုတို့၌ လူအပေါင်းတို့ကိုနှစ်သက်စေရန် ကြိုးစားနေ၏။
သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။
အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
ခရစ်တော်၏သမ္မာတရားသည် ငါ၌ရှိသည်နှင့်အညီ ငါ၌ရှိသည့် ဤဂုဏ်ယူဝါကြွားခြင်းကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ ပိတ်ပင်၍ရမည်မဟုတ်။
ငါမုသားမသုံးကြောင်း သခင်ယေရှု၏ခမည်းတော်ဖြစ်တော်မူသော ကာလအစဉ်အဆက်မင်္ဂလာရှိသည့် ဘုရားသခင်သိတော်မူ၏။
ငါသည် သင်တို့၏စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စွာ ငါ့ဥစ္စာကိုအသုံးပြု၍ ငါ့ကိုယ်ကိုလည်း အကုန်အစင်အသုံးပြုမည်။ သင်တို့အပေါ် ငါ၏ချစ်ခြင်းမေတ္တာတိုးပွားလာလျှင် ငါ့အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာလျော့ပါးသွားမည်လော။
ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။
အကြောင်းမူကား ငါတို့သည် များစွာသောသူတို့ပြုသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လှည့်လည်ရောင်းစား၍အမြတ်ထုတ်ကြသည်မဟုတ်ဘဲ ဖြူစင်သောသူ၊ ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသောသူအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ငါတို့ဟောပြောကြ၏။
ငါတို့သည် တစ်ဖန် မိမိကိုယ်ကိုထောက်ခံချီးကျူးနေကြသလော။ သို့မဟုတ်လျှင် ငါတို့သည် အခြားသောသူများကဲ့သို့ သူတစ်ပါးထောက်ခံပေးသောစာ၊ သို့မဟုတ် သင်တို့ထောက်ခံပေးသောစာကို လိုအပ်သလော။
ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
ထို့ကြောင့် ငါ၏ဝမ်းမြောက်ခြင်းအကြောင်းနှင့် ငါ၏သရဖူဖြစ်သည့် ငါချစ်၍လွမ်းဆွတ်သော ငါ့ညီအစ်ကိုတို့၊ ငါဆိုခဲ့သည့်အတိုင်း သခင်ဘုရား၌ ခိုင်မြဲစွာရပ်တည်ကြလော့၊ ငါချစ်သောသူတို့။
ထို့ကြောင့် ယခုသင်တို့ပြုနေသည့်အတိုင်း အချင်းချင်းတိုက်တွန်းနှိုးဆော်၍ တစ်ဦးကိုတစ်ဦး တည်ဆောက်မြှင့်တင်ပေးကြလော့။
ချစ်ရသောသူတို့၊ ငါတို့သည် ဤသို့ပြောဆိုကြသော်လည်း သင်တို့အတွက်မူကား ကယ်တင်ခြင်းနှင့်ယှဉ်တွဲသည့် ပို၍ကောင်းသောအရာများရှိသည်ဟု ငါတို့ယုံကြည်စိတ်ချကြ၏။