၂ ကော 11:29 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။ Common Language Bible အားနည်းသူရှိလျှင်ငါသည်လည်းအားနည်း ရ၏။ အပြစ်ကူးသူရှိလျှင်ငါသည်ပူပန် ရ၏။ Garrad Bible မည် သူ အား နည်း၍ ငါ အား မ နည်း ရ သ နည်း။ မည် သူ တိုက် လှဲ ၍ ငါ မ ပူ ပန် ရ သ နည်း။ Judson Bible ငါမနွမ်းရိဘဲ အဘယ်သူ နွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူ ဖောက်ပြန်သနည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်အားနည်းသောအခါ ကျွန်ုပ်သည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ယောက်လမ်းမှားရောက်သောအခါ ကျွန်ုပ်သည် မပူပန်ဘဲ နေနိုင်မည်လော။ |
“ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏”ဟု ကျမ်းစာ၌ရေးထားသည်ကို တပည့်တော်တို့သည် သတိရကြ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။
သင်တို့၌ စားသောက်ရန် အိမ်မရှိသလော။ သို့မဟုတ် သင်တို့သည် ဘုရားသခင်၏အသင်းတော်ကို မထီမဲ့မြင်ပြု၍ မရှိဆင်းရဲသားတို့ကို အရှက်ခွဲကြသလော။ ငါသည် သင်တို့ကို မည်သို့ပြောရမည်နည်း။ သင်တို့ကို ချီးမွမ်းရမည်လော။ ဤအမှု၌ ငါမချီးမွမ်းနိုင်။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
ထို့ကြောင့် အစားအစာသည် ငါ၏ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကိုအား မမှားယွင်းစေရန် ငါသည် အသားကို ကာလအစဉ်အဆက် မည်သည့်အခါမျှ စားမည်မဟုတ်။
သို့သော် သင်တို့၏လွတ်လပ်ခွင့်သည် အကြောင်းတစ်စုံတစ်ခုကြောင့် အားနည်းသောသူတို့အတွက် ခလုတ်တံသင်းမဖြစ်စေရန် သတိပြုကြလော့။
အားနည်းသောသူတို့ကိုရရှိနိုင်ရန် အားနည်းသောသူတို့တွင် အားနည်းသောသူဖြစ်၏။ လူအချို့တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်နိုင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်ခဲ့၏။
ငါတို့အားနည်းလျှင်လည်း သင်တို့အားကြီးသောအခါ ငါတို့ဝမ်းမြောက်ကြ၏။ သင်တို့သည် ပြည့်ဝစုံလင်သောသူဖြစ်ကြရန်အတွက်လည်း ငါတို့ဆုတောင်းကြ၏။
သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။
အချင်းချင်း၏ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ပေးကြလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏တရားတော်ကို ပြည့်စုံစေကြလိမ့်မည်။
သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကိုငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။