ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို ချုပ်ကိုင်ထားကြသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအတွက် သင်တို့နှင့်အတူလုပ်ဆောင်သောသူများသာဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် ယုံကြည်ခြင်းဖြင့် ရပ်တည်ကြပြီဖြစ်၏။
၂ ကော 10:8 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။ Common Language Bible အကယ်၍ငါသည်သခင်ဘုရားပေးတော်မူ သောအာဏာနှင့်ပတ်သက်၍ အလွန်အကျွံ ဝါကြွားမိခဲ့လျှင်လည်းမရှက်ပါ။ ထိုအာ ဏာသည်သင်တို့အားဖြိုဖျက်ရန်အတွက် မဟုတ်။ ပြုစုပျိုးထောင်ပေးရန်အတွက် ဖြစ်ပေသည်။- Garrad Bible သင် တို့ ကို ဖြို လှဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သည့် အ ခွင့် အာ ဏာ နှင့် စပ်၍ ငါ သည် တော် လွန် စွာ ဂုဏ် တင် မိ လျှင် အ ရှက် ရ မည် မ ဟုတ်။ Judson Bible သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်။ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်း မရှိ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့ကို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ကျွန်ုပ်တို့အား သခင်ဘုရားပေးသော အခွင့်အာဏာကိုအကြောင်းပြုလျက် အနည်းငယ်ပို၍ ကြွားဝါမိလျှင်ပင် မရှက်ပါ။ |
ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို ချုပ်ကိုင်ထားကြသည်မဟုတ်။ သင်တို့၏ဝမ်းမြောက်ခြင်းအတွက် သင်တို့နှင့်အတူလုပ်ဆောင်သောသူများသာဖြစ်ကြ၏။ အကြောင်းမူကား သင်တို့သည် ယုံကြည်ခြင်းဖြင့် ရပ်တည်ကြပြီဖြစ်၏။
အကြောင်းမူကား တိုက်ပွဲ၌ ငါတို့သုံးသောလက်နက်များသည် သွေးသားဇာတိနှင့်ဆိုင်သောလက်နက်များမဟုတ်ဘဲ ဘုရားသခင်အားဖြင့် အစွမ်းထက်သောလက်နက်များဖြစ်ကြပြီး ခံတပ်များကိုပင် ဖြိုဖျက်နိုင်သည်သာမက
ငါတို့သည် သင်တို့ရှေ့၌ မိမိတို့ကိုယ်ကို ကာကွယ်ပြောဆိုနေကြသည်ဟု တစ်ချိန်လုံး သင်တို့ထင်မှတ်နေကြသလော။ ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ပြောဆိုနေကြ၏။ ချစ်ရသောသူတို့၊ အရာအားလုံးသည် သင်တို့၏တည်ဆောက်စရာအတွက်ဖြစ်၏။
ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက်၊ သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။
ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။
အကြောင်းမူကား ငါတို့သည် သမ္မာတရားကိုဆန့်ကျင်၍ မည်သည့်အမှုကိုမျှ မပြုနိုင်ကြ။ သမ္မာတရားဘက်၌နေ၍သာလျှင် ပြုနိုင်ကြ၏။
ငါသည် သင်တို့အကြောင်းကို တိတုအား အနည်းငယ်ဝါကြွားခဲ့သော်လည်း အရှက်မရခဲ့ပေ။ အကြောင်းမူကား သင်တို့အား ငါတို့ပြောခဲ့သောအရာအားလုံးတို့သည် ဟုတ်မှန်သည့်နည်းတူ တိတုကို ငါတို့ဝါကြွားထားသောအရာသည်လည်း ဟုတ်မှန်ကြောင်းထင်ရှားခဲ့ပြီ။
ငါသည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် များစွာဂုဏ်ယူ၏။ ငါသည် နှစ်သိမ့်မှုကို အပြည့်အဝခံစားရ၍ ငါတို့ခံရသောဆင်းရဲဒုက္ခအပေါင်းတို့၌ ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝလျက်ရှိ၏။
လူတို့ထံမှမဟုတ်၊ လူ့အားဖြင့်လည်းမဟုတ်ဘဲ ယေရှုခရစ်တော်နှင့် ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သောငါပေါလုမှစ၍
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။