ထာဝရဘုရားသည် သင်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇိအုန်မှစေလွှတ်တော်မူလိမ့်မည်။ သင်၏ရန်သူများအလယ်၌ အုပ်စိုးလော့။
၂ ကော 10:4 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား တိုက်ပွဲ၌ ငါတို့သုံးသောလက်နက်များသည် သွေးသားဇာတိနှင့်ဆိုင်သောလက်နက်များမဟုတ်ဘဲ ဘုရားသခင်အားဖြင့် အစွမ်းထက်သောလက်နက်များဖြစ်ကြပြီး ခံတပ်များကိုပင် ဖြိုဖျက်နိုင်သည်သာမက Common Language Bible ငါတို့စွဲကိုင်သည့်လက်နက်များသည်လူသား တို့စွဲကိုင်သည့်လက်နက်များမဟုတ်။ ခံတပ်များ ကိုဖြိုဖျက်နိုင်သည့်ဘုရားသခင်၏တန်ခိုး တော်နှင့်ပြည့်စုံသောလက်နက်များဖြစ်၏။ ငါ တို့သည်မမှန်ကန်သည့်ဆွေးနွေးငြင်းခုံချက် များကိုလည်းကောင်း၊- Garrad Bible ငါ တို့ တိုက် ပွဲ၌ ရုပ် ဆိုင် ရာ လက် နက် များ ကို မ စွဲ မ ကိုင်။ ခံ တပ် များ ကို ဖြို နိုင် ရန် ဘု ရား သ ခင့် ရှေ့ သ တ္တိ နှင့် ပြည့် စုံ သော လက် နက် များ ကို စွဲ ကိုင် လျက်၊ Judson Bible ငါတို့စစ်တိုက်၍ သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက် မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သောလက်နက် ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တိုက်ပွဲတွင် ကျွန်ုပ်တို့ အသုံးပြုသည့်လက်နက်များသည် လောကီသားများအသုံးပြုသည့် လက်နက်များမဟုတ်။ ခံတပ်များကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်ပါသော လက်နက်များဖြစ်၏။ |
ထာဝရဘုရားသည် သင်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇိအုန်မှစေလွှတ်တော်မူလိမ့်မည်။ သင်၏ရန်သူများအလယ်၌ အုပ်စိုးလော့။
သတ်ဖြတ်မှုနေ့ကြီး၌ ရဲတိုက်များပြိုလဲသောအခါ မြင့်မားသောတောင်၊ အထွတ်အမြတ်ထားသောတောင်ကုန်း ရှိသမျှတို့ပေါ်၌ ချောင်းရေများစီးမည်။
လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။
“ငါ့နှုတ်ထွက်စကားသည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုခွဲသောတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
မောရှေသည် အီဂျစ်လူမျိုးတို့၏အတတ်ပညာအလုံးစုံတို့ကို သင်ကြားတတ်မြောက်သဖြင့် ပြောဆိုမှုနှင့်လုပ်ဆောင်မှုတို့၌ အစွမ်းသတ္တိရှိ၏။
ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။
သင်တို့၏ကိုယ်အင်္ဂါများကိုလည်း မတရားမှု၏လက်နက်များအဖြစ် အပြစ်အား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သေသောသူတို့ထဲမှ အသက်ရှင်လာသူကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်အား ဆက်သ၍ သင်တို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏လက်နက်များအဖြစ် ဘုရားသခင်အား ဆက်သကြလော့။
ဤသည်ကား သင်တို့၏ယုံကြည်ခြင်းသည် လူတို့၏ဉာဏ်ပညာ၌မတည်ဘဲ ဘုရားသခင်၏တန်ခိုးတော်၌တည်မည့်အကြောင်းတည်း။
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းဖူးသနည်း။ မည်သူသည် စပျစ်ခြံကိုစိုက်ပျိုးပြီး ၎င်း၏အသီးကို မစားဘဲနေသနည်း။ သို့မဟုတ် မည်သူသည် သိုးအုပ်ကိုထိန်းကျောင်းပြီး သိုးတို့၏နို့ကို မသောက်ဘဲနေသနည်း။
အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။
ထိုသို့ဆိုသော် တစ်စုံတစ်ခုသည် ငါတို့ထံမှဖြစ်လာသည်ဟု သတ်မှတ်နိုင်ရန် ငါတို့၌အစွမ်းအစရှိသည်ဟုမဆိုလို။ ငါတို့၏အစွမ်းအစသည် ဘုရားသခင်ထံမှသာဖြစ်၏။
သို့သော် အလွန်ထူးမြတ်သော ဤတန်ခိုးသည် ငါတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း ထင်ရှားစေရန် ငါတို့သည် ဤရတနာကို မြေအိုးထဲ၌ဆောင်ထားကြ၏။
သမ္မာတရားကိုဟောပြောခြင်း၌ဖြစ်စေ၊ ဘုရားသခင်၏တန်ခိုးတော်၌ဖြစ်စေ၊ လက်ဝဲလက်ယာ၌ကိုင်ထားသော ဖြောင့်မတ်ခြင်း၏လက်နက်များအားဖြင့်ဖြစ်စေ၊
ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။
ငါ့သားတိမောသေ၊ သင်နှင့်ပတ်သက်၍ ယခင်ပရောဖက်ပြုဟောပြောထားသည့်အရာများနှင့်အညီ ဤညွှန်ကြားချက်ကို သင့်အား ငါပေး၏။ ဤသည်ကား သင်သည် ယုံကြည်ခြင်းနှင့်ကြည်လင်သောအသိစိတ်တို့ကိုစွဲကိုင်လျက် ထိုပရောဖက်ပြုဟောပြောထားသည့်အရာများအားဖြင့် ကောင်းသောတိုက်ပွဲကို တိုက်ခိုက်နိုင်မည့်အကြောင်းတည်း။
ယုံကြည်ခြင်းအားဖြင့် ဂျေရိခေါမြို့ကို ခုနစ်ရက်တိုင်တိုင် ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည်ပြိုကျလေ၏။
ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။