လူသည် မိမိ၏ဉာဏ်စွမ်းနှင့်အညီ ချီးမွမ်းခြင်းခံရလိမ့်မည်။ ကောက်သောစိတ်သဘောရှိသူမူကား မထီမဲ့မြင်ပြုခြင်းခံရလိမ့်မည်။
၂ ကော 10:18 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ယုံကြည်စိတ်ချရသူသည် မိမိကိုယ်ကို ထောက်ခံချီးကျူးသောသူမဟုတ်ဘဲ သခင်ဘုရားက ထောက်ခံချီးကျူးသောသူဖြစ်ရမည်။ Common Language Bible အဘယ်ကြောင့်ဆိုသော်သခင်ဘုရားနှစ်သက် တော်မူသောသူဟူသည်မှာ မိမိကိုယ်ကိုချီး မြှောက်သောသူမဟုတ်။ ကိုယ်တော်ကချီးမြှောက် တော်မူသောသူဖြစ်သောကြောင့်တည်း။ Judson Bible အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ်။ သခင်ဘုရား ချီးမွမ်းတော်မူခြင်းကို ခံရသောသူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သခင်ဘုရားနှစ်သက်တော်မူသောသူသည် မိမိကိုယ်ကိုယ် ချီးမွမ်းသောသူမဟုတ်ဘဲ ကိုယ်တော်က ချီးမွမ်းသောသူဖြစ်သောကြောင့်ပင်ဖြစ်၏။ |
လူသည် မိမိ၏ဉာဏ်စွမ်းနှင့်အညီ ချီးမွမ်းခြင်းခံရလိမ့်မည်။ ကောက်သောစိတ်သဘောရှိသူမူကား မထီမဲ့မြင်ပြုခြင်းခံရလိမ့်မည်။
လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို မှန်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်နှလုံးကိုချိန်တွယ်တော်မူ၏။
သင့်နှုတ်မဟုတ်ဘဲ အခြားသောသူကလည်းကောင်း၊ သင့်နှုတ်ခမ်းမဟုတ်ဘဲ သူတစ်ပါးကလည်းကောင်း သင့်ကိုချီးမွမ်းပါစေ။
သို့သော် ကိုယ်တော်က“သင်တို့သည် လူတို့ရှေ့၌ မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြတတ်သူများဖြစ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်၏။
အကြောင်းမူကား သူတို့သည် ဘုရားသခင်ပေးသောဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို ပို၍နှစ်သက်ကြ၏။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
ထို့ကြောင့် ဤနည်းဖြင့် ခရစ်တော်ကိုအစေခံသောသူသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပြီး လူတို့ရှေ့၌ ယုံကြည်စိတ်ချရသူဖြစ်၏။
ခရစ်တော်၌ ယုံကြည်စိတ်ချရသူ အပေလေကို နှုတ်ဆက်ပေးကြလော့။ အာရိတ္တောဗုလု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။
အမှန်စင်စစ် သင်တို့ထဲ၌ ယုံကြည်စိတ်ချရသူများ သိသာထင်ရှားလာမည့်အကြောင်း သင်တို့တွင် ဂိုဏ်းကွဲခြင်းရှိရန်လိုအပ်ပေ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
အကြောင်းမူကား ငါတို့သည် မိမိကိုယ်ကိုထောက်ခံချီးကျူးတတ်သောသူတို့နှင့် မိမိတို့ကိုယ်ကို တစ်တန်းတည်းဖြစ်စေခြင်း၊ သို့မဟုတ် နှိုင်းယှဉ်ခြင်း စသည်တို့ကိုမပြုဝံ့ချေ။ သူတို့သည် အချင်းချင်းကြား၌ အချင်းချင်းတိုင်းတာလျက် အချင်းချင်းနှိုင်းယှဉ်လျက်နေ၍ တတ်သိနားလည်မှုမရှိကြ။
သင်တို့သည် မကောင်းသောအမှုတစ်စုံတစ်ခုကိုမျှ မပြုမည့်အကြောင်း ဘုရားသခင်ထံ ငါတို့ဆုတောင်းကြ၏။ ဤသို့ဆိုခြင်းမှာ စုံစမ်းစစ်ဆေးခြင်းကို ငါတို့အောင်မြင်ကြောင်းထင်ရှားစေရန်အတွက်မဟုတ်ဘဲ ငါတို့သည် စုံစမ်းစစ်ဆေးခြင်း၌ကျရှုံးသောသူများကဲ့သို့ဖြစ်ကြလျှင်ပင် သင်တို့သည် ကောင်းသောအမှုကိုပြုနိုင်ရန်အတွက်ဖြစ်၏။
ငါတို့သည် တစ်ဖန် မိမိကိုယ်ကိုထောက်ခံချီးကျူးနေကြသလော။ သို့မဟုတ်လျှင် ငါတို့သည် အခြားသောသူများကဲ့သို့ သူတစ်ပါးထောက်ခံပေးသောစာ၊ သို့မဟုတ် သင်တို့ထောက်ခံပေးသောစာကို လိုအပ်သလော။
ငါတို့သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်တို့ရှေ့၌ ထောက်ခံချီးကျူးနေကြသည်မဟုတ်။ သို့သော် စိတ်နှလုံးကိုမကြည့်ဘဲ အပြင်သဏ္ဌာန်ကိုသာကြည့်၍ ဝါကြွားတတ်သောသူတို့၏စကားကို သင်တို့ပြန်လည်ချေပနိုင်ရန် ငါတို့နှင့်ပတ်သက်၍ ဝါကြွားရသောအခွင့်ကို သင်တို့အားပေးလိုက်ခြင်းသာဖြစ်၏။
အလွန်သည်းခံခြင်း၌ဖြစ်စေ၊ ဒုက္ခဆင်းရဲခြင်း၌ဖြစ်စေ၊ ခက်ခဲကျပ်တည်းခြင်း၌ဖြစ်စေ၊ နာကျင်ခြင်းဝေဒနာ၌ဖြစ်စေ၊
သင်သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချရသူတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရှက်ကြောက်စရာမရှိသောလုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကိုဆက်သနိုင်ရန် ကြိုးစားလော့။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။