၁ သက် 2:14 - မြန်မာ့စံမီသမ္မာကျမ်း
ညီအစ်ကိုတို့၊ သင်တို့သည် ခရစ်တော်ယေရှု၌တည်သော ယုဒပြည်ရှိ ဘုရားသခင်၏အသင်းတော်များကို အတုယူသူများဖြစ်ကြပြီ။ အကြောင်းမူကား သူတို့သည် ဂျူးလူမျိုးတို့လက်တွင် ဒုက္ခဝေဒနာခံစားကြရသကဲ့သို့ သင်တို့သည်လည်း မိမိတို့၏အမျိုးသားချင်းများလက်တွင် အလားတူခံစားကြရ၏။
အခန်းကိုကြည့်ပါ။
ညီအစ်ကိုတို့၊ သင်တို့၏အတွေ့အကြုံမှာ ယုဒပြည်ခရစ်ယာန်များဖြစ်သည့်ဘုရား သခင်၏အသင်းတော်ဝင်တို့အတွေ့အကြုံ နှင့်တူပေသည်။ သင်တို့သည်မိမိတို့အမျိုး သားများ၏လက်တွင်ဆင်းရဲဒုက္ခရောက် ကြသကဲ့သို့ ထိုသူတို့သည်လည်းယုဒ အမျိုးသားများ၏လက်တွင်ဆင်းရဲ ဒုက္ခရောက်ရကြ၏။-
အခန်းကိုကြည့်ပါ။
ခ ရစ် တော် ယေ ရှု၌ တည် နေ သော ယု ဒ ပြည် ရှိ ဘု ရား သ ခင့် အ သင်း တော် များ သည် ယု ဒ လူ မျိုး ချင်း တို့ လက် တွင် ခံ ရ သော ဒု က္ခ မျိုး ကို သင် တို့ လည်း ကိုယ့် လူ မျိုး ချင်း တို့ လက် တွင် ခံ ရ ကြ သည် နှင့်၊ ထို အ သင်း တော် တို့ ပုံ စံ ကို လိုက် ကြ လေ ပြီ။
အခန်းကိုကြည့်ပါ။
အဘယ်သို့နည်းဟူမူကား၊ ယုဒပြည်၌ ယေရှုခရစ်၏ဘာသာကို ခံယူသော ဘုရားသခင်၏ သင်းဝင်သူတို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့၊ ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ အမျိုးသားချင်းတို့ လက်မှ ထိုနည်းတူခံရသောအားဖြင့်၊ ယုဒပြည်၌ရှိသော တပည့်တော်ကဲ့သို့သောသူ ဖြစ်ကြ၏။-
အခန်းကိုကြည့်ပါ။
ညီအစ်ကိုမောင်နှမတို့… ယေရှုခရစ်တော်ကို ယုံကြည်သည့် ယုဒပြည်၌ ရှိကြသော ဘုရားသခင်၏အသင်းတော်များ တွေ့ကြုံသကဲ့သို့ သင်တို့တွေ့ကြုံနေကြ၏။ ဂျူးလူမျိုးများလက်တွင် ထိုအသင်းတော်များ ခံစားခဲ့ရသော ဆင်းရဲဒုက္ခမျိုးကို သင်တို့သည်လည်း မိမိတို့လူမျိုးချင်း၏လက်တွင် ခံစားကြရ၏။
အခန်းကိုကြည့်ပါ။