သို့သော် ထာဝရဘုရားက “ယခုမူ သူ့ကိုငါဖျောင်းဖျမည်၊ တောကန္တာရသို့ ခေါ်သွားမည်၊ သူ့အား မေတ္တာဖြင့် ပြောဆိုမည်။
၁ သက် 1:6 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည်လည်း များစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ထံမှရရှိသောဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ကိုလက်ခံ၍ ငါတို့နှင့်သခင်ဘုရားကို အတုယူသူများဖြစ်ကြ၏။ Common Language Bible သင်တို့သည်ငါတို့၏ပုံစံနှင့်သခင်ဘုရား ၏ပုံစံတော်အတိုင်းလိုက်လျှောက်ခဲ့ကြ၏။ သင်တို့သည်များစွာဆင်းရဲဒုက္ခရောက်ရ ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်မှ ရသောဝမ်းမြောက်ခြင်းဖြင့်တရားတော် ကိုခံယူကြ၏။- Judson Bible သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သောသူ ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် သခင်ဘုရားနှင့် ကျွန်ုပ်တို့ကို အတုယူသူများဖြစ်ကြ၏။ သင်တို့သည် ပြင်းထန်သော ဆင်းရဲဒုက္ခကြုံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ပေးသည့် ဝမ်းမြောက်ခြင်းဖြင့် သတင်းကောင်းကို လက်ခံခဲ့ကြ၏။ |
သို့သော် ထာဝရဘုရားက “ယခုမူ သူ့ကိုငါဖျောင်းဖျမည်၊ တောကန္တာရသို့ ခေါ်သွားမည်၊ သူ့အား မေတ္တာဖြင့် ပြောဆိုမည်။
ထို့နောက် ယေရှုက တပည့်တော်တို့အား“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။
တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍“ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်”ဟု မိန့်တော်မူ၏။
တပည့်တော်တို့သည်လည်း ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝလျက်ရှိကြ၏။
တမန်တော်တို့သည် နာမတော်အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းနှင့်ကြွယ်ဝမည့်အကြောင်း မျှော်လင့်ခြင်း၏အရှင်ဘုရားသခင်သည် ယုံကြည်ခြင်းမှလာသော ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်းအလုံးစုံတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။
ငါသည် ခရစ်တော်ကိုအတုယူသူဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါ့ကိုအတုယူသူများဖြစ်ကြလော့။
သင်တို့သည် အရာရာ၌ ငါ့ကိုသတိရလျက် သင်တို့ထံငါပေးအပ်ထားသော ဓလေ့ထုံးတမ်းနှင့်အညီ လိုက်လျှောက်ကြသောကြောင့် သင်တို့ကို ငါချီးမွမ်း၏။
သို့ဖြစ်၍ ငါ့ကိုအတုယူသူများဖြစ်ကြရန် သင်တို့ကို ငါတိုက်တွန်းနှိုးဆော်၏။
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
သူတို့သည် ငါတို့မျှော်လင့်ထားသည့်အတိုင်းထက်မကပြုလျက် ဘုရားသခင်၏အလိုတော်နှင့်အညီ မိမိတို့ကိုယ်ကို သခင်ဘုရားထံတော်သို့ ဦးစွာဆက်ကပ်ပြီးနောက် ငါတို့ထံသို့လည်း ဆက်ကပ်ကြ၏။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ထို့ကြောင့် ချစ်တော်မူသောသားသမီးများအဖြစ် ဘုရားသခင်ကို အတုယူသူများဖြစ်ကြလော့။
ညီအစ်ကိုတို့၊ ငါ့ကိုအတုယူသူများဖြစ်ကြလော့။ ငါတို့ထံမှရရှိသောစံနမူနာအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောသူတို့ကိုလည်း ကြည့်ရှုမှတ်သားကြလော့။
သို့ဖြစ်၍ သင်တို့ခံရသော ညှဉ်းဆဲခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိသမျှတို့၌ထင်ရှားသော သင်တို့၏သည်းခံခြင်းနှင့် ယုံကြည်ခြင်းတို့အတွက် ငါတို့ကိုယ်တိုင် ဘုရားသခင်၏အသင်းတော်များတွင် သင်တို့အကြောင်းကို ဝါကြွားကြ၏။
အကြောင်းမူကား ငါတို့ကို မည်ကဲ့သို့အတုယူရမည်ကို သင်တို့ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့အလယ်၌ စည်းမဲ့ကမ်းမဲ့နေကြသည်မဟုတ်။
ထိုသို့ပြုခြင်းမှာ ငါတို့၌ အခွင့်မရှိသောကြောင့်မဟုတ်။ ငါတို့ကိုအတုယူနိုင်ရန် ငါတို့ကိုယ်တိုင် သင်တို့အား စံနမူနာပြလိုသောကြောင့်သာဖြစ်၏။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။
သင်တို့သည် အကျဉ်းသားတို့အပေါ် စာနာစိတ်ရှိကြသည်သာမက သာ၍မြတ်ပြီး တည်မြဲသောအရာကို မိမိတို့ပိုင်ဆိုင်ကြောင်းသိလျက် သင်တို့ဥစ္စာပစ္စည်းများ မတရားလုယူခြင်းခံရသော်လည်း ဝမ်းမြောက်စွာသည်းခံခဲ့ကြ၏။
သင်တို့သည် ယခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကြောင့် ခေတ္တခဏဝမ်းနည်းရလျှင်လည်း အထက်၌ဆိုခဲ့ပြီးသောအကြောင်းကြောင့် ရွှင်မြူးခြင်းရှိကြ၏။
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
သင်တို့သည် ကောင်းသောအမှု၌ စိတ်အားထက်သန်လျှင် မည်သူသည် သင်တို့ကို အန္တရာယ်ပြုမည်နည်း။
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။