၁ သက် 1:6 - Common Language Bible6 သင်တို့သည်ငါတို့၏ပုံစံနှင့်သခင်ဘုရား ၏ပုံစံတော်အတိုင်းလိုက်လျှောက်ခဲ့ကြ၏။ သင်တို့သည်များစွာဆင်းရဲဒုက္ခရောက်ရ ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်မှ ရသောဝမ်းမြောက်ခြင်းဖြင့်တရားတော် ကိုခံယူကြ၏။- အခန်းကိုကြည့်ပါ။Judson Bible6 သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရားကဲ့သို့သောသူ ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သင်တို့သည်လည်း များစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ထံမှရရှိသောဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ကိုလက်ခံ၍ ငါတို့နှင့်သခင်ဘုရားကို အတုယူသူများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 သင်တို့သည် သခင်ဘုရားနှင့် ကျွန်ုပ်တို့ကို အတုယူသူများဖြစ်ကြ၏။ သင်တို့သည် ပြင်းထန်သော ဆင်းရဲဒုက္ခကြုံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ပေးသည့် ဝမ်းမြောက်ခြင်းဖြင့် သတင်းကောင်းကို လက်ခံခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
ထို့ကြောင့်ငါတို့ကိုယ်တိုင်ပင်လျှင်သင်တို့ အကြောင်းကိုဘုရားသခင်၏အသင်းတော် များတွင်ဂုဏ်ယူပြောဆိုကြ၏။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခများကို ခံရသော်လည်းကြံ့ခိုင်လျက်၊ ယုံကြည်ခြင်း ခိုင်မြဲလျက်ရှိသည်ကိုထောက်၍ငါတို့ ဂုဏ်ယူပြောဆိုကြ၏။
သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-