သို့သော် လောတသည် သူတို့ကို မရမကဖိတ်ခေါ်သောကြောင့် သူတို့သည် သူနှင့်အတူလိုက်လာ၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတသည် သူတို့အတွက် စားသောက်ပွဲပြင်ဆင်၍ တဆေးမဲ့မုန့်ကိုဖုတ်လေ၏။ သူတို့သည်လည်း စားကြ၏။
၁ ရာချုပ် 9:31 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးသား ကောရအမျိုး ရှလ္လုံ၏သားဦး မတ္တိသိသည် အိုးကင်းဖြင့်မုန့်ဖုတ်သောတာဝန်ကို ယူရ၏။ Common Language Bible ကောရဆွေမျိုးစုမှရှလ္လုံ၏သားဦးမတ္တိသိ နာမည်ရှိသောလေဝိအနွယ်ဝင်တစ်ယောက် သည် မီးဖြင့်ဖုတ်လုပ်ရသည့်ပူဇော်သကာ များကိုတာဝန်ယူ၍ပြင်ဆင်ရ၏။- Garrad Bible လေ ဝိ အ နွယ်၊ ကော ရ အ ဆက်၊ ရှ လ္လုံ သား ဦး မ တ္တိ သိ သည် ရာ ထူး အ လျောက် သံ အိုး ကင်း ဖြင့် ဖုတ် ကင် သော မုန့် ကို ကြည့် ရှု ရ၏။ Judson Bible လေဝိသား၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ၏သားဦး မတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။ |
သို့သော် လောတသည် သူတို့ကို မရမကဖိတ်ခေါ်သောကြောင့် သူတို့သည် သူနှင့်အတူလိုက်လာ၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတသည် သူတို့အတွက် စားသောက်ပွဲပြင်ဆင်၍ တဆေးမဲ့မုန့်ကိုဖုတ်လေ၏။ သူတို့သည်လည်း စားကြ၏။
ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
တံခါးစောင့်များမှ ရှလ္လုံ၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်နှင့် သူတို့၏ညီအစ်ကိုများ ပါ၏။ ရှလ္လုံသည် သူတို့၏အကြီးအမှူး ဖြစ်၏။
ကောရေ၏မြစ်၊ ဧဗျာသပ်၏မြေး၊ ကောရ၏သား ရှလ္လုံနှင့် သူ၏ဘိုးဘေးအိမ်ထောင်စုမှ ဆွေမျိုးသားချင်းဖြစ်သော ကောရအမျိုးတို့သည် တဲတော်တံခါး စောင့်ကြပ်သောအမှုကို ထမ်းဆောင်ရသူများ ဖြစ်၏။ သူတို့၏ဘိုးဘေးများသည်လည်း ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ဝင်ပေါက်ကို စောင့်ကြပ်ခဲ့ရသူများ ဖြစ်၏။
တံခါးခုံ၌ တံခါးစောင့်အဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသောသူအားလုံးမှာ နှစ်ရာတစ်ဆယ့်နှစ်ယောက် ရှိ၏။ သူတို့သည် ကိုယ့်ရပ်ရွာတွင် စာရင်းဝင်သူများဖြစ်ပြီး ဒါဝိဒ်မင်းကြီးနှင့် စိတ်အာရုံရသူရှမွေလတို့က သူတို့ကို သစ္စာရှိသူများအဖြစ် တာဝန်ပေးခန့်အပ်ထားခဲ့၏။
သစ္စာရှိသောလေဝိအမျိုးသားတံခါးမှူးလေးယောက်မှာ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်နှင့် အခန်းများကို စောင့်ကြပ်ပေးရ၏။
ဒယ်ပြားပေါ်တွင်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ဖြင့်ပြုလုပ်သည့် ဆီနှင့်ရောသောတဆေးမဲ့မုန့်ဖြစ်ရမည်။
သင်သည် အိုးကင်းဖြင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်၍ ဆီဖြင့်ကြော်ရမည်။
ဘောဇဉ်ပူဇော်သက္ကာနှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အာရုန်၏သားတို့သည် ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားရှေ့တော်၊ ယဇ်ပလ္လင်ရှေ့၌ ပူဇော်ရမည်။
၎င်းကို ဒယ်ပြားတွင် ဆီဖြင့်နယ်ပြီး ယူလာရမည်။ ၎င်းကို တစ်စစီဖဲ့၍ ထိုဘောဇဉ်ပူဇော်သက္ကာအစအနများကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအားပူဇော်ရမည်။