၁ ရာချုပ် 9:22 - မြန်မာ့စံမီသမ္မာကျမ်း22 တံခါးခုံ၌ တံခါးစောင့်အဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသောသူအားလုံးမှာ နှစ်ရာတစ်ဆယ့်နှစ်ယောက် ရှိ၏။ သူတို့သည် ကိုယ့်ရပ်ရွာတွင် စာရင်းဝင်သူများဖြစ်ပြီး ဒါဝိဒ်မင်းကြီးနှင့် စိတ်အာရုံရသူရှမွေလတို့က သူတို့ကို သစ္စာရှိသူများအဖြစ် တာဝန်ပေးခန့်အပ်ထားခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible22 အဝင်ဝနှင့်တံခါးပေါက်များအတွက် အစောင့်တပ်သားများအဖြစ် ရွေးချယ်ခန့် ထားခြင်းခံရသူများမှာ လူပေါင်းနှစ်ရာ တစ်ဆယ့်နှစ်ယောက်ရှိသတည်း။ ထိုသူတို့ အားမိမိတို့နေထိုင်ရာရပ်ရွာများအလိုက် မှတ်တမ်းတင်ထား၏။ သူတို့၏ဘိုးဘေးများ အားဤသို့တာဝန်ရှိသည့်အလုပ်ကိုပေး အပ်ခဲ့သူများမှာဒါဝိဒ်မင်းနှင့်ပရော ဖက်ရှမွေလတို့ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible22 လက် ရွေး တံ ခါး စောင့် ရာ ထူး ကို ခံ ရ သူ နှစ် ရာ့ တစ် ဆယ့် နှစ် ယောက် တို့ သည် ဒါ ဝိဒ် မင်း နှင့် အမြော် အ မြင် ဆ ရာ ရှ မွေ လ တို့ ခန့် ထား သည် နှင့် အ ညီ နေ ရင်း ရွာ များ၌ ဘေး စဉ် ဘိုး ဆက် စာ ရင်း ပါ ဝင် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible22 တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတစ်ဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက် အသီးအသီးနေသောရွာ၌ စာရင်းဝင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏အိမ်တော်အမှုရှိသမျှကို ဆောင်ရွက်သော ယဇ်ပုရောဟိတ်တို့၏အဖွဲ့၊ လေဝိလူမျိုးတို့၏အဖွဲ့နှင့် လုပ်ငန်းတိုင်းကိုကျွမ်းကျင်ပြီး စေတနာစိတ်ရှိသောသူတို့သည် သင်လုပ်ဆောင်လေရာရာတွင် သင်နှင့်အတူ လုပ်ဆောင်ကြလိမ့်မည်။ မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည်လည်း သင်ညွှန်ကြားသမျှကို လုပ်ဆောင်ပေးကြလိမ့်မည်”ဟု ဆို၏။
ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။