ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၁ ရာချုပ် 9:1 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးတစ်မျိုးနွယ်လုံး၏မျိုးရိုးစဉ်ဆက်စာရင်းကို ရေးမှတ်၍ အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် မှတ်တမ်းတင်ထား၏။ ယုဒလူမျိုးတို့မူကား မိမိတို့ကျူးလွန်မိသောအမှားများကြောင့် ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်း ခံရကြ၏။ Common Language Bible ဣသရေလပြည်သူအပေါင်းတို့အားအိမ် ထောင်စုများအလိုက်စာရင်းပြုလုပ်ထား ကြောင်း ဣသရေလဘုရင်များကျမ်းတွင် မှတ်တမ်းတင်၍ထားလေသည်။ ယုဒပြည်သားတို့သည်မိမိတို့၏အပြစ် များကြောင့် ဗာဗုလုန်ပြည်သို့ပြည်နှင်ဒဏ် အပေးခံရကြ၏။- Garrad Bible ထို သို့ ဣ သ ရေ လ တစ် မျိုး လုံး ဘေး စဉ် ဘိုး ဆက် စာ ရင်း ဝင်၍ ဣ သ ရေ လ ရာ ဇ ဝင် တွင် ရေး တင် လျက် ရှိ၏။ ယု ဒ အ နွယ် လွန် ကျူး မှု အ တွက် ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ ပြီး မှ၊ Judson Bible အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက် စာရင်းဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့သို့သိမ်းသွားခြင်းကို ခံရနှင့်သော ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်မှတ်စာ၌ ပါသတည်း။ |
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထို့ပြင် ဂျေရုဆလင်မြို့သားများအပါအဝင် မှူးမတ်များ၊ စစ်သူရဲများ၊ လက်မှုပညာသည်များ၊ ပန်းပဲသမားများအားလုံး စုစုပေါင်းလူတစ်သောင်းကို ဖမ်းခေါ်သွား၏။ ဆင်းရဲသောပြည်သူပြည်သားများမှအပ မည်သူမျှမကျန်တော့ပေ။
ဤသို့ဖြင့် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ဖမ်းခေါ်သွား၏။ ရှင်ဘုရင်၏မယ်တော်၊ ရှင်ဘုရင်၏မိဖုရားများ၊ မှူးမတ်များနှင့် တိုင်းပြည်အကြီးအကဲအားလုံးတို့ကိုလည်း ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားလေ၏။
ဘေဘီလုံဘုရင်သည် စစ်သူရဲပေါင်းခုနစ်ထောင်၊ လက်မှုပညာသည်နှင့်ပန်းပဲပညာသည်ပေါင်းတစ်ထောင်စသည့် စစ်တိုက်နိုင်စွမ်းရှိသောသူအားလုံးကိုလည်း ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ်ဖမ်းခေါ်သွား၏။
ဥလံ၏သားများသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ၊ လေးသည်တော်များ ဖြစ်ကြပြီး သားမြေးများ၍ ပေါင်းတစ်ရာ့ငါးဆယ် ရှိ၏။ ဤသူအားလုံးတို့သည် ဗင်္ယာမိန်၏သားမြေးများ ဖြစ်ကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
မည်သည့်ဘိုးဘေးအိမ်ထောင်စုထဲမှဆင်းသက်လာသည်ကို သက်သေမပြနိုင်၊ အစ္စရေးလူမျိုးထဲမှ ဟုတ်၊ မဟုတ် မသေချာဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့တို့မှ လိုက်ပါလာသောသူများမှာ
လူထုအကြီးအကဲတို့သည် ဂျေရုဆလင်မြို့၌ နေထိုင်ကြ၏။ ကျန်သောသူတို့မူကား မဲချဆုံးဖြတ်သည့်အတိုင်း လူဆယ်ယောက်တွင် တစ်ယောက်သည် သန့်ရှင်းရာအရပ်ဂျေရုဆလင်မြို့တွင် နေထိုင်ရမည်ဖြစ်ပြီး ကျန်ကိုးယောက်ကား အခြားသောမြို့ရွာများတွင် နေထိုင်ရမည်ဖြစ်သည်။
ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် လူများကို စုဝေး၍ မျိုးရိုးစဉ်ဆက်စာရင်းကောက်ရန် ဘုရားသခင်သည် ငါ့စိတ်ကိုနှိုးဆော်၏။ ထို့ကြောင့် ပထမဆုံးပြန်လည်ရောက်ရှိလာသူတို့၏မျိုးရိုးစဉ်ဆက်စာရင်းကို စစ်ဆေးရာ စာရင်းတွင် ဤသို့ရေးသွင်းထားသည်ကို တွေ့ရ၏။
သူတို့သည် မျိုးရိုးစဉ်ဆက်စာရင်းတွင် မိမိတို့မျိုးရိုးကိုရှာသော်လည်း မတွေ့သဖြင့် ယဇ်ပုရောဟိတ်အရိုက်အရာမှ ဖယ်ရှားခြင်းခံရ၏။
သူရဲကောင်းနှင့်စစ်သည်မှစ၍ တရားသူကြီး၊ ပရောဖက်၊ ဂမ္ဘီရပညာတတ်မြောက်သူ၊ သက်ကြီးဝါကြီး၊
တောင်ဘက်အရပ်ရှိမြို့များ ပိတ်ထားခြင်းခံရပြီ။ ဖွင့်မည့်သူတစ်ယောက်မျှမရှိ။ ယုဒပြည်သားအပေါင်းတို့သည် တစ်ယောက်မကျန်ဖမ်းခေါ်သွားခြင်းခံရလေပြီ။
ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှကြွင်းကျန်သူများ၊ သူ့ထံခိုလှုံလာသူများ၊ အသက်ရှင်ကျန်ရစ်သူများကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားလေ၏။
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။