သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
၁ ရာချုပ် 29:28 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဓနဥစ္စာနှင့် ဘုန်းအသရေဖြင့်ပြည့်ဝလျက် အသက်ကြီး၍ အိုမင်းလာသောအခါ အနိစ္စရောက်လေ၏။ သူ၏သားတော်ရှောလမုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။ Common Language Bible သူသည်စည်းစိမ်ချမ်းသာကြွယ်ဝလျက်ကြည်ညို လေးစားမှုကိုခံရကာ အလွန်အိုမင်းချိန်ကျ မှကွယ်လွန်တော်မူလေသည်။- Garrad Bible စည်း စိမ် ချမ်း သာ၊ ဂုဏ် အ သ ရေ ကြွယ် ဝ လျက် အ သက် ကြီး ရင့် မှ ကွယ် လွန် ရာ သား တော် ရှော လ မုန် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ Judson Bible ဒါဝိဒ်သည် အသက်ကြီးရင့်၍ နေ့ရက်ကာလပြည့်စုံခြင်း၊ ဘုန်းစည်းစိမ်ကြွယ်ဝခြင်းရှိလျက် အနိစ္စရောက်၍ သားတော်ရှောလမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်လေ၏။ |
သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ဣဇက်သည် အသက်ကြီး၍သက်တမ်းစေ့သဖြင့် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။ သူ၏သားဧသောနှင့်ယာကုပ်တို့သည် သူ့ကိုသင်္ဂြိုဟ်ကြ၏။
‘သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ့ရာဇပလ္လင်၊ ငါ့နေရာတွင် စံမြန်းရမည်’ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုခဲ့သည့်အတိုင်း ယနေ့တွင် ဤအမှုကို ငါပြုမည်”ဟု မိန့်တော်မူ၏။
ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍ အိုမင်းလာသောအခါ မိမိ၏သားတော်ရှောလမုန်ကို အစ္စရေးဘုရင်အဖြစ် တင်မြှောက်၍
ထာဝရဘုရားသည် ငါ့အား သားအများအပြားကိုပေးတော်မူ၏။ ထိုသားအပေါင်းတို့ထဲမှ သားတော်ရှောလမုန်ကို ရွေးချယ်တော်မူပြီး အစ္စရေးလူမျိုးကို အုပ်ချုပ်ရန်အတွက် ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်တွင် စံမြန်းစေတော်မူ၏။
ထိုအခါ ရှောလမုန်မင်းကြီးက ဘုရားသခင်အား “ကိုယ်တော်သည် အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူပြီး အကျွန်ုပ်အားလည်း ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေပါပြီ။
ဟေဇကိမင်းကြီးသည် ဓနဥစ္စာပေါများကြွယ်ဝ၍ ဘုန်းအသရေထွန်းတောက်လေ၏။ ရွှေ၊ ငွေ၊ အဖိုးတန်ကျောက်မျက်ရတနာများနှင့် အမွှေးနံ့သာများ၊ ဒိုင်းလွှားများနှင့် အဖိုးတန်အသုံးအဆောင်အမျိုးမျိုးတို့အတွက် သိုလှောင်ရုံများကို ဆောက်လုပ်၏။
မိမိအဖို့ မြို့များကိုလည်း တည်ဆောက်၏။ ဘုရားသခင်သည် သူ့အား အလွန်ချမ်းသာကြွယ်ဝစေသဖြင့် သူ၌ သိုးနွားတိရစ္ဆာန် အမြောက်အမြားရှိ၏။
အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။
ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍ ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။