အာဗြဟံသည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုအုပ်ထိန်းရသော၊ မိမိအိမ်တွင်အသက်အကြီးဆုံးဖြစ်သောအစေအပါးအား “သင်၏လက်ကို ငါ့ပေါင်အောက်၌ထားလော့။
၁ ရာချုပ် 29:24 - မြန်မာ့စံမီသမ္မာကျမ်း မှူးမတ်များ၊ စစ်သူရဲများနှင့် ဒါဝိဒ်မင်းကြီး၏သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ၌ သစ္စာခံကြ၏။ Common Language Bible အရာရှိများနှင့်စစ်သူရဲအပေါင်းတို့ နှင့်ဒါဝိဒ်၏အခြားသားတို့သည်ရှော လမုန်မင်း၏ကျေးဇူးသစ္စာကိုစောင့် ပါမည်ဟုကတိပေးကြ၏။- Garrad Bible မှူး တော် မတ် တော်၊ စွမ်း ရည် ကောင်း သော သူ တို့ နှင့် ဒါ ဝိဒ် မင်း သား တော် အ ပေါင်း တို့ သည် ရှော လ မုန် မင်း အုပ် စိုး ခြင်း ကို ဝန် ခံ ကြ ၏။ Judson Bible မှူးတော်မတ်တော်၊ အရာကြီးသောသူ အပေါင်းတို့နှင့် ဒါဝိဒ်မင်းကြီး၏ သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီး၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ |
အာဗြဟံသည် မိမိပိုင်ဆိုင်သောအရာအားလုံးကိုအုပ်ထိန်းရသော၊ မိမိအိမ်တွင်အသက်အကြီးဆုံးဖြစ်သောအစေအပါးအား “သင်၏လက်ကို ငါ့ပေါင်အောက်၌ထားလော့။
အစ္စရေးသည် သေရမည့်နေ့ရက်နီးသောအခါ မိမိသားယောသပ်အားခေါ်၍ “ယခု ငါသည် သင့်ရှေ့၌မျက်နှာရလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီး ငါ့အားမေတ္တာကရုဏာပြ၍ သစ္စာပြုပါ။ အီဂျစ်ပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
ထို့ပြင် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်ကို ကူညီထောက်မပေးဖို့ အစ္စရေးအကြီးအကဲအပေါင်းတို့အား
ဘုရားသခင်၏အိမ်တော်အမှုရှိသမျှကို ဆောင်ရွက်သော ယဇ်ပုရောဟိတ်တို့၏အဖွဲ့၊ လေဝိလူမျိုးတို့၏အဖွဲ့နှင့် လုပ်ငန်းတိုင်းကိုကျွမ်းကျင်ပြီး စေတနာစိတ်ရှိသောသူတို့သည် သင်လုပ်ဆောင်လေရာရာတွင် သင်နှင့်အတူ လုပ်ဆောင်ကြလိမ့်မည်။ မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည်လည်း သင်ညွှန်ကြားသမျှကို လုပ်ဆောင်ပေးကြလိမ့်မည်”ဟု ဆို၏။
ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကိုဆက်ခံ၍ ထာဝရဘုရား၏ရာဇပလ္လင်တော်ပေါ်တွင် စံနေသောအခါ သူသည် ထွန်းပေါက်အောင်မြင်ပြီး အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးက သူ့ကို နာခံလေ၏။
ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။
ယခုမှာ ဘိုးဘေးတို့ကဲ့သို့ သင်တို့ ခေါင်းမမာကြနှင့်။ ထာဝရဘုရား အစဉ်သန့်ရှင်းစေတော်မူသောသန့်ရှင်းရာဌာနတော်သို့လာ၍ ဆက်ကပ်ကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစေခံကြလော့။ သို့မှ ပြင်းထန်သောအမျက်တော်သည် သင်တို့ထံမှ ပြန်လှည့်သွားလိမ့်မည်။
မြို့ပတ်ပတ်လည်၌ ငြာသံပေးကြ။ ဘေဘီလုံမြို့ လက်နက်ချအရှုံးပေးပြီ။ မျှော်စင်များ ပြိုလဲပြီ။ မြို့ရိုးလည်း ပြိုပျက်ပြီ။ ဤသည်ကား ထာဝရဘုရား၏လက်တုံ့ပြန်ခြင်းဖြစ်၏။ သူပြုခဲ့ဖူးသည့်အတိုင်း သူ့ကို ပြန်ပြုကြ။ သူ့ကို လက်တုံ့ပြန်ကြ။
သူသည် ပဋိညာဉ်ကိုချိုးဖောက်ခြင်းဖြင့် ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြုလျက် တစ်ပါးသူကို အကူအညီတောင်း၏။ ထိုသို့ပြုသောကြောင့် သူသည် ဘေးလွတ်မည်မဟုတ်’ဟု မိန့်တော်မူ၏။