၁ ရာချုပ် 28:21 - မြန်မာ့စံမီသမ္မာကျမ်း21 ဘုရားသခင်၏အိမ်တော်အမှုရှိသမျှကို ဆောင်ရွက်သော ယဇ်ပုရောဟိတ်တို့၏အဖွဲ့၊ လေဝိလူမျိုးတို့၏အဖွဲ့နှင့် လုပ်ငန်းတိုင်းကိုကျွမ်းကျင်ပြီး စေတနာစိတ်ရှိသောသူတို့သည် သင်လုပ်ဆောင်လေရာရာတွင် သင်နှင့်အတူ လုပ်ဆောင်ကြလိမ့်မည်။ မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည်လည်း သင်ညွှန်ကြားသမျှကို လုပ်ဆောင်ပေးကြလိမ့်မည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အား ဗိမာန်တော်တွင်ဆောင်ရွက်ရန် တာဝန်ဝတ္တရားများကိုခွဲခန့်သတ်မှတ် ပေးပြီးဖြစ်လေပြီ။ အဘက်ဘက်မှကျွမ်း ကျင်သူအလုပ်သမားတို့သည် သင့်အား ကူညီရန်စိတ်အားထက်သန်လျက်ရှိကြ ၏။ လူအပေါင်းနှင့်သူတို့၏ခေါင်းဆောင် များသည်လည်းသင်၏အမိန့်ကိုလိုက် နာဆောင်ရွက်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 ဘု ရား သ ခင့် ဗိ မာန် တော် လုပ် ကိုင် မှု ကို ဆောင် ရွက် ရန် ခွဲ ထား သော ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ပြင် မည် သည့် အ လုပ် မျိုး မ ဆို စေ တ နာ ထက် သန် လျက် လက် မြောက် သူ ဟူ သ မျှ တို့ သည် သင်၌ ရှိ ကြ လေ ပြီ။ မှူး တော် မတ် တော် မှ စ၍ ပြည် သူ ပြည် သား တို့ လည်း အ မိန့် အ တိုင်း လိုက် နာ ဆောင် ရွက် ကြ လိမ့် မည် ဟု မိန့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 သင်းဖွဲ့သောယဇ်ပုရောဟိတ်၊ လေဝိသားတို့သည်လည်း ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ရှိကြ၏။ လိမ္မာသော ဆရာသမား အမျိုးမျိုးတို့သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဖို့ရှိကြ၏။ မင်းများနှင့် ပြည်သူပြည်သားများ အပေါင်းတို့သည်လည်း သင့်လက်၌ရှိကြသည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |