ထို့ပြင် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်ကို ကူညီထောက်မပေးဖို့ အစ္စရေးအကြီးအကဲအပေါင်းတို့အား
၁ ရာချုပ် 28:1 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။ Common Language Bible ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။ Garrad Bible တစ် ဖန် ဒါ ဝိဒ် မင်း သည် ဣ သ ရေ လ အ မျိုး အ နွယ် တို့ ဦး စီး ဦး ကိုင် အ လှည့် ကျ အ မှု တော် ထမ်း ဗိုလ် မှူး၊ ထောင် တပ် မှူး၊ ရာ တပ် မှူး၊ ဘု ရင် မင်း နှင့် သား တော် တို့ ပိုင် သက် ရှိ သက် မဲ့ ဘ ဏ္ဍာ တော် ဝန် တည်း ဟူ သော မှူး တော် မတ် တော် တို့ မှ စ၍ မိန်း မ စိုး များ နှင့် စစ် ခေါင်း မာ သူ အ ပေါင်း တို့ ကို ယေ ရု ရှ လင် မြို့ တွင် စု ဝေး စေ ပြီး လျှင်၊ Judson Bible တစ်ဖန် ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်းဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့်လှည့် အမှုတော်ကိုစောင့်သော တပ်မှူးဗိုလ်မင်း၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သားတော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသော သူရဲအကြီးအကဲ အရာရှိအပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော်မူ၏။ |
ထို့ပြင် ဒါဝိဒ်မင်းကြီးသည် သားတော်ရှောလမုန်ကို ကူညီထောက်မပေးဖို့ အစ္စရေးအကြီးအကဲအပေါင်းတို့အား
အစ္စရေးအကြီးအကဲအပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများကို စုဝေးစေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် လူထုတစ်ရပ်လုံးအား “ဘုရားသခင်ရွေးချယ်တော်မူသောငါ့သားရှောလမုန်သည် ငယ်ရွယ်၍ အတွေ့အကြုံမရှိသေး။ သို့သော် သူလုပ်ဆောင်ရမည့်အလုပ်မှာ ကြီးမြတ်လှ၏။ သူဆောက်လုပ်ရမည့်ဗိမာန်တော်သည် လူအဖို့မဟုတ်၊ ဘုရားသခင်ထာဝရဘုရားအဖို့ ဖြစ်၏။
ဘိုးဘေးခေါင်းဆောင်များ၊ အစ္စရေးအမျိုးအနွယ်ခေါင်းဆောင်များ၊ လူတစ်ရာအုပ်၊ လူတစ်ထောင်အုပ်၊ မင်းမှုထမ်းအကြီးအကဲများကလည်း စေတနာစိတ်ဖြင့် ပေးလှူကြ၏။
ရှောလမုန်မင်းကြီးသည် အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးမှစ၍ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်၊ တရားသူကြီးများ၊ အစ္စရေးတစ်ပြည်လုံးရှိ ခေါင်းဆောင်များဖြစ်ကြသောဘိုးဘေးအကြီးအမှူးရှိသမျှတို့အား ဆင့်ခေါ်ပြီး
ထိုအခါ ယောရှုက အစ္စရေးလူမျိုးအပေါင်းတို့နှင့်တကွ သက်ကြီးဝါကြီးများ၊ အကြီးအမှူးများ၊ တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကိုခေါ်ပြီးလျှင် “ငါသည် အသက်အရွယ်ကြီးရင့်ပြီ။
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။