Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 23:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုအခါ ယောရှု​က အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့်တကွ သက်ကြီးဝါကြီး​များ​၊ အကြီးအမှူး​များ​၊ တရားသူကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​ကို​ခေါ်​ပြီးလျှင် “​ငါ​သည် အသက်အရွယ်​ကြီးရင့်​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ထို့​ကြောင့်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား သူ​ကြီး​များ၊ အ​ရာ​ရှိ​များ​မှ​စ​၍​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​ပြီး​လျှင်``ငါ သည်​အ​သက်​ကြီး​ရင့်​၍​အို​မင်း​လာ​ပြီ ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ယော ရှု သည် အို မင်း လှ သော အ ခါ ဣ သ ရေ လ တစ် မျိုး လုံး အ နက်၊ လူ ကြီး၊ အ အုပ် အ ချုပ်၊ တ ရား သူ ကြီး၊ အ ကြီး အ မှူး တို့ ကို ခေါ် ၍၊ ငါ သည် အို မင်း လှ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော​သူ​များ​နှင့်​တ​ကွ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​သည် အ​သက်​ကြီး​ရင့်၍ အို​မင်း​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 23:2
11 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​သည် အသက်ကြီး​၍​အိုမင်း​လာ​သောအခါ အနွေးထည်​များ ဝတ်ပေး​သော်လည်း မ​နွေး​နိုင်​တော့​ပေ​။


ထို့နောက်တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ဒါဝိဒ်​မြို့​ခေါ်​ဇိအုန်​မြို့​သို့ ယူဆောင်​လာ​ရန် ရှောလမုန်​မင်းကြီး​သည် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​များ​ဖြစ်​သော အမျိုးအနွယ်​တို့​၏​အကြီးအမှူး​အပေါင်း​တို့​အား ရှောလမုန်​မင်းကြီး​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့ လာရောက်​စုရုံး​စေ​၏​။


အစ္စရေး​အကြီးအကဲ​အပေါင်း​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​ကို စုဝေး​စေ​၏​။


ရာမ​မြို့သား​ရှိမိ​သည် စပျစ်ခြံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။ ရှိဖမိ​မြို့သား​ဇာဗဒိ​သည် စပျစ်ဝိုင်​သိုလှောင်ရုံ​များ​ကို ကြီးကြပ်​ပေး​ရ​၏​။


ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​အကြီးအကဲ​များ​၊ မျိုးနွယ်စု​အကြီးအကဲ​များ​၊ မင်းမှုထမ်း​တပ်ဖွဲ့​အကြီးအကဲ​များ​၊ လူ​တစ်ထောင်​အုပ်​များ​နှင့် လူ​တစ်ရာ​အုပ်​များ​အားလုံး​၊ ရှင်ဘုရင်​နှင့်​သား​တော်​တို့​၏​ဥစ္စာပစ္စည်း​များ​၊ တိရစ္ဆာန်​များ​ကို​ကြီးကြပ်​ပေး​ရ​သူ​များ​အားလုံး​၊ နန်းတွင်း​အကြီးအကဲ​များ​၊ စစ်သူရဲ​များ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သူ​အားလုံး​တို့​ကို ဂျေရုဆလင်​မြို့​တွင် စုဝေး​စေ​၏​။


ဤ​စကား​များ​ကို သူ​တို့​ကြား​အောင် ငါ​ပြောကြား​နိုင်​မည့်​အကြောင်း​၊ ကောင်းကင်​နှင့်​မြေကြီး​ကို​တိုင်တည်​ပြီး သူ​တို့​ကို​ဆန့်ကျင်​သည့်​သက်သေ​ကို​ထူ​နိုင်​မည့်​အကြောင်း သင်​တို့​မျိုးနွယ်​များ​၏​သက်ကြီးဝါကြီး​များ​၊ သင်​တို့​၏​ကြီးကြပ်အုပ်ချုပ်သူ​များ အားလုံး​ကို ငါ့​ထံ၌ စုရုံး​စေ​လော့​။


ယောရှု အသက်ကြီး​၍ အိုမင်း​လာ​သောအခါ ထာဝရဘုရား​က သူ့​အား “​သင် အသက်ကြီး​၍ အိုမင်း​လာ​ပြီ​။ သို့သော် သိမ်းပိုက်​ရ​မည့်​ပြည် အများအပြား​ကျန်သေး​၏​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အတွက် ဤ​လူမျိုးခြား​အပေါင်း​တို့​အား မည်သို့​ပြု​တော်မူ​ခဲ့​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ကြ​ပြီ​။ သင်​တို့​အတွက် စစ်တိုက်​ပေး​တော်မူ​သော​အရှင်​ကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေတည်း​။


ထို့နောက် ယောရှု​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ကို ရှေခင်​မြို့​၌ စုဝေး​စေ​ပြီးလျှင် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ ခေါင်းဆောင်​များ​၊ တရားသူကြီး​များ​နှင့် ကြီးကြပ်သူ​များ​ကို ဆင့်ခေါ်​သဖြင့် သူ​တို့​သည်​လည်း ဘုရားသခင်​၏​ရှေ့​တော်​၌​ရပ်​နေ​ကြ​၏​။


ယခုမှာ ကြည့်ရှု​လော့​။ သင်​တို့​ကို ဦးဆောင်​မည့် ရှင်ဘုရင်​မှာ သူ​ပင်​ဖြစ်​၏​။ ငါ​မူကား အသက်ကြီး​၍ ဆံပင်ဖြူ​လေ​ပြီ​။ ငါ့​သား​တို့​လည်း သင်​တို့​နှင့်အတူ​ရှိ​၏​။ ငါ​သည် ငယ်စဉ်​မှစ၍ ယနေ့​အထိ သင်​တို့​ကို ဦးဆောင်​ပေး​ခဲ့​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ