Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ​ချုပ် 28:1 - Common Language Bible

1 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 တစ် ဖန် ဒါ ဝိဒ် မင်း သည် ဣ သ ရေ လ အ မျိုး အ နွယ် တို့ ဦး စီး ဦး ကိုင် အ လှည့် ကျ အ မှု တော် ထမ်း ဗိုလ် မှူး၊ ထောင် တပ် မှူး၊ ရာ တပ် မှူး၊ ဘု ရင် မင်း နှင့် သား တော် တို့ ပိုင် သက် ရှိ သက် မဲ့ ဘ ဏ္ဍာ တော် ဝန် တည်း ဟူ သော မှူး တော် မတ် တော် တို့ မှ စ၍ မိန်း မ စိုး များ နှင့် စစ် ခေါင်း မာ သူ အ ပေါင်း တို့ ကို ယေ ရု ရှ လင် မြို့ တွင် စု ဝေး စေ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​အကြီးအကဲ​များ​၊ မျိုးနွယ်စု​အကြီးအကဲ​များ​၊ မင်းမှုထမ်း​တပ်ဖွဲ့​အကြီးအကဲ​များ​၊ လူ​တစ်ထောင်​အုပ်​များ​နှင့် လူ​တစ်ရာ​အုပ်​များ​အားလုံး​၊ ရှင်ဘုရင်​နှင့်​သား​တော်​တို့​၏​ဥစ္စာပစ္စည်း​များ​၊ တိရစ္ဆာန်​များ​ကို​ကြီးကြပ်​ပေး​ရ​သူ​များ​အားလုံး​၊ နန်းတွင်း​အကြီးအကဲ​များ​၊ စစ်သူရဲ​များ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သူ​အားလုံး​တို့​ကို ဂျေရုဆလင်​မြို့​တွင် စုဝေး​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 28:1
9 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ​တို့​နှင့် ယဇ်​ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​တော်​မူ​၏။-


ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရှေ​ခင်​မြို့​တွင်​စု​ရုံး​စေ​၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား​သူ​ကြီး​များ၊ အ​ရာ ရှိ​များ​ကို​ဆင့်​ခေါ်​သ​ဖြင့်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ​လာ​ကြ လေ​သည်။-


ထို့​ကြောင့်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား သူ​ကြီး​များ၊ အ​ရာ​ရှိ​များ​မှ​စ​၍​အ​မျိုး သား​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​ပြီး​လျှင်``ငါ သည်​အ​သက်​ကြီး​ရင့်​၍​အို​မင်း​လာ​ပြီ ဖြစ်​သည်။-


ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​အား ရှော​လ​မုန်​ကို​ကူ​ညီ ကြ​ရန်​မိန့်​မှာ​တော်​မူ​၏။-


ထို​အ​ခါ​သား​ချင်း​စု​ဦး​စီး​များ၊ အ​မျိုး အ​နွယ်​ဝင်​တို့​ကို​အုပ်​ချုပ်​သူ​အ​ရာ​ရှိ​များ၊ တပ်​မှူး​များ​နှင့်​ဘု​ရင့်​ပစ္စည်း​များ​ကို​ထိန်း သိမ်း​အုပ်​ချုပ်​ရ​သူ​တို့​သည်​ဗိ​မာန်​တော် အ​တွက်​ပေး​လှူ​ရန်​အ​လို​အ​လျောက်​ဆန္ဒ ပြု​ကြ​ကုန်​၏။-


ရှော​လ​မုန်​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​တို့ ကို​အုပ်​ချုပ်​သော​တပ်​မှူး​များ၊ အ​စိုး​ရ​အ​ရာ ရှိ​များ၊ အိမ်​ထောင်​ဦး​စီး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​အား-


ဒါ​ဝိဒ်​မင်း​သည်​လူ​ထု​တစ်​ရပ်​လုံး​အား``ငါ့ သား​ရှော​လ​မုန်​သည်​ဘု​ရား​သ​ခင်​ရွေး​ချယ် တော်​မူ​သော​သူ​ဖြစ်​၏။ သို့​သော်​လည်း​အ​သက် အ​ရွယ်​ငယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သေး​သူ ဖြစ်​၏။ သူ​ပြု​ရ​မည့်​အ​မှု​ကား​အ​လွန်​ကြီး မား​လှ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် ယ​ခု​တည်​ဆောက်​ရ​မည်​မှာ​လူ​တို့​အ​တွက် နန်း​တော်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​ဖြစ်​သော ကြောင့်​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ