ယောသပ်သည် ခုနစ်နှစ်ပတ်လုံး အီဂျစ်ပြည်၌ထွက်သည့် အစားအစာရှိသမျှတို့ကိုစုသိမ်း၍ ထိုအစားအစာကို မြို့များ၌သိုလှောင်ထား၏။ မြို့အသီးသီး၏ပတ်ပတ်လည်ရှိ လယ်ယာမှထွက်သည့် အစားအစာကို ထိုမြို့အသီးသီး၌ပင်သိုလှောင်ထား၏။
၁ ရာချုပ် 27:25 - မြန်မာ့စံမီသမ္မာကျမ်း အဒျေလ၏သား အာဇမာဝက်သည် ဘုရင့်ဘဏ္ဍာတိုက်ကို ကြီးကြပ်ပေးရ၏။ ဩဇိ၏သားယောနသန်သည် ကျေးလက်ဒေသများ၊ မြို့များ၊ ရွာများနှင့် ရဲတိုက်များ၌ရှိသော သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။ Common Language Bible ဘုရင်၏ပစ္စည်းဥစ္စာများကိုစီမံအုပ်ချုပ်ရသူ တို့၏စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။ ဘုရင့်ကုန်လှောင်ရုံများကို အဒေလ၏သား အာဇိမာဝက်ကအုပ်ချုပ်ရ၏။ ဒေသဆိုင်ရာကုန်လှောင်ရုံများကို သြဇိ၏သား ယောနသန်ကအုပ်ချုပ်ရ၏။ တောင်သူလယ်သမားစုကို ခေလုပ်၏သားဧဇရိ အုပ်ချုပ်ရ၏။ စပျစ်ဥယျာဉ်တို့ကိုရာမမြို့သားရှိမိက အုပ်ချုပ်ရ၏။ စပျစ်ရည်တိုက်တို့ကိုရှိဖမိမြို့သားဇဗဒိက အုပ်ချုပ်ရ၏။ အနောက်တောင်ခြေရှိသံလွင်ပင်များနှင့် သဖန်းပင်တို့ကို ဂေဒရိမြို့သားဗာလဟာနန်ကအုပ်ချုပ်ရ၏။ ဆီတိုက်ကိုယောရှသည်အုပ်ချုပ်ရ၏။ ရှာရုန်လွင်ပြင်ရှိနွားတို့ကိုရှာရုန်မြို့သားရှိ တရဲက အုပ်ချုပ်ရ၏။ ချိုင့်ဝှမ်းများရှိနွားတို့ကိုအာဒလဲ၏သား ရှာဖတ်က အုပ်ချုပ်ရ၏။ ကုလားအုတ်တို့ကိုဣရှမေလအနွယ်ဝင်၊ သြဗိလကအုပ်ချုပ်ရ၏။ မြည်းတို့ကိုမေရောနသိမြို့သားယေဒေယက အုပ်ချုပ်ရ၏။ သိုးနှင့်ဆိတ်တို့ကိုဟာဂရအနွယ်ဝင်ယာဇဇ်က အုပ်ချုပ်ရ၏။ Garrad Bible အ ဒျေ လ သား အာ ဇ မာ ဝက် သည် ရွှေ တိုက် ဝန်၊ သြ ဇိ သား ယော န သန် သည် ခံ တပ် များ မှ စ၍ အ ဝေး မြို့ ရွာ ရှိ ဘဏ္ဍာ တော် ဝန်၊ Judson Bible အဒေလသား အာဇိမာဝက်သည် ဘဏ္ဍာတော်စိုးဖြစ်၏။ ဩဇိသားယောနသန်သည် လယ်ပြင်၊ မြို့ရွာ၊ ရဲတိုက်၌ရှိသော ဘဏ္ဍာတိုက်တို့ကိုအုပ်ရ၏။ |
ယောသပ်သည် ခုနစ်နှစ်ပတ်လုံး အီဂျစ်ပြည်၌ထွက်သည့် အစားအစာရှိသမျှတို့ကိုစုသိမ်း၍ ထိုအစားအစာကို မြို့များ၌သိုလှောင်ထား၏။ မြို့အသီးသီး၏ပတ်ပတ်လည်ရှိ လယ်ယာမှထွက်သည့် အစားအစာကို ထိုမြို့အသီးသီး၌ပင်သိုလှောင်ထား၏။
ထို့ကြောင့် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ရှိ ဘဏ္ဍာတိုက်တို့ထဲမှတွေ့ရှိသမျှငွေတို့ကို ပေးလိုက်၏။
ဇေရုယာ၏သားယွာဘသည် လူဦးရေစာရင်းကို စတင်ရေတွက်သော်လည်း ပြီးဆုံးသည်အထိ မရေတွက်ချေ။ ထိုသို့စာရင်းရေတွက်ခြင်းကြောင့် အစ္စရေးလူမျိုးအပေါ် အမျက်တော် ကျရောက်ခဲ့ရ၏။ ထိုအရေအတွက်တို့ကို ဒါဝိဒ်မင်းကြီး၏ရာဇဝင်မှတ်တမ်းစာရင်းတွင် မရေးသွင်းခဲ့ချေ။
ခေလုပ်၏သားဧဇရိသည် လယ်ယာမြေ၌ထွန်ယက်လုပ်ကိုင်သောလယ်သမားများကို ကြီးကြပ်ပေးရ၏။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
ဘိုးဘေးခေါင်းဆောင်များ၊ အစ္စရေးအမျိုးအနွယ်ခေါင်းဆောင်များ၊ လူတစ်ရာအုပ်၊ လူတစ်ထောင်အုပ်၊ မင်းမှုထမ်းအကြီးအကဲများကလည်း စေတနာစိတ်ဖြင့် ပေးလှူကြ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာတိုက်တို့မှ ရွှေငွေတို့ကိုယူ၍ ဒမတ်စကပ်မြို့၌နန်းစံသော ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
ထိုအခါ ထိုသူတို့ထဲမှလူဆယ်ယောက်တို့က “အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့မှာ တော၌ဝှက်ထားသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်တို့ ရှိပါသည်”ဟု ဣရှမေလအားဆိုသောကြောင့် သူတို့ကို သူတို့အဖော်တို့နှင့်အတူ မသတ်ဘဲ ထားခဲ့လေ၏။