၁ ရာချုပ် 23:13 - မြန်မာ့စံမီသမ္မာကျမ်း အာမရံ၏သားများမှာ အာရုန်နှင့်မောရှေ တို့ဖြစ်ကြ၏။ အာရုန်သည် အသန့်ရှင်းဆုံးဌာနကို သန့်ရှင်းစင်ကြယ်စေရန်၊ သူနှင့်သူ့သားမြေးတို့သည် ထာဝရဘုရားရှေ့တော်တွင် ယဇ်ပူဇော်ရသောအမှုကို အစဉ်ဆောင်ရွက်ရန်နှင့် နာမတော်ကို အစဉ်ချီးမွမ်းရန် ခန့်ထားခြင်းခံရသူများဖြစ်၏။ Common Language Bible သူ၏သားကြီးအာမရံသည်အာရုန်နှင့် မောရှေတို့၏အဖဖြစ်၏။ (အာရုန်နှင့်သူ ၏သားမြေးတို့သည်အမွန်အမြတ်ထား သည့်ပစ္စည်းအသုံးအဆောင်တို့ကိုအစဉ် အမြဲထိန်းသိမ်းရန် ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရာ၌နံ့သာပေါင်းကို မီးရှို့ရန်၊ ကိုယ်တော်၏အမှုတော်ကိုဆောင် ရွက်ရန်နှင့်နာမတော်ကိုအမှီပြု၍ လူ တို့အားကောင်းချီးပေးရန်သီးသန့်တာဝန် ပေးအပ်ခြင်းကိုခံရကြ၏။- Garrad Bible အာ မ ရံ့ သား များ ကား အာ ရုန် နှင့် မော ရှေ တို့ တည်း။ အာ ရုန် မှာ မူ သား စဉ် မြေး ဆက် တိုင် အောင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် မီး ဖြင့် ပူ ဇော် ခြင်း၊ အ မှု တော် ကို ဆောင် ရွက် ခြင်း၊ နာ မ တော် ဖြင့် ကောင်း ကြီး ပေး ခြင်း များ ကို အ စဉ် ပြု စေ ရန် အ ထူး သန့် ရှင်း ရာ အ ဖြစ် သီး ခြား ခွဲ ထား သူ ဖြစ် ၏။ Judson Bible အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့် သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းချီးပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်းသော အရာတို့ကို သန့်ရှင်းစေခြင်းငှာ အခြားသူတို့နှင့် ခွဲထားသောသူ ဖြစ်ကြ၏။ |
အာမရံ၏သားသမီးများမှာ အာရုန်၊ မောရှေ၊ မိရိအံ တို့ဖြစ်ကြ၏။ အာရုန်၏သားများမှာ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။
ရှမွေလသည် ဧလကာန၏သား၊ ဧလကာနသည် ယေရောဟံ၏သား၊ ယေရောဟံသည် ဧလျေလ၏သား၊ ဧလျေလသည် တောအာ၏သား၊
သူတို့သည် စခန်းထဲတွင် မောရှေနှင့် ထာဝရဘုရား၏သန့်ရှင်းသောသူဖြစ်သည့်အာရုန်ကို ငြူစူကြသောအခါ
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
သင်သည် ရွှေစင်ပြားကိုလုပ်၍ ကမ္ပည်းတံဆိပ်အဖြစ် ထိုရွှေစင်ပြားပေါ်၌ ‘ထာဝရဘုရား၌သန့်ရှင်းခြင်း’ဟု ကမ္ပည်းထိုးရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်ကို ငါသန့်ရှင်းစေမည်။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ့သားတို့ကိုလည်း ငါသန့်ရှင်းစေမည်။
အာမရံသည် မိမိ၏အရီးယောခေဗက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် အာရုန်နှင့်မောရှေ တို့ကိုမွေးဖွားပေး၏။ အာမရံအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
သို့ဖြစ်လျှင် သန့်ရှင်းသောအရာနှင့်မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာနှင့်မစင်ကြယ်သောအရာကို ခွဲခြားနိုင်မည်။
ထာဝရဘုရားက အာရုန်အား “သန့်ရှင်းရာဌာနနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ၊ သင့်ဘိုးဘေး၏အမျိုးအနွယ်များ ခံကြရမည်။ ယဇ်ပုရောဟိတ်အရိုက်အရာနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ ခံကြရမည်။
အာမရံမယား၏အမည်မှာ ယောခေဗက် ဖြစ်၏။ အီဂျစ်ပြည်၌ လေဝိမယားမွေးဖွားသော လေဝိသမီးဖြစ်၏။ ယောခေဗက်သည် အာမရံအားဖြင့် အာရုန်၊ မောရှေနှင့် သူတို့၏အစ်မမိရိအံ တို့ကို မွေးဖွား၏။
ကောဟတ်မှ အာမရံမျိုးနွယ်စု၊ ဣဇဟာမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ ဩဇေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ကောဟတ်မျိုးနွယ်စုများ ဖြစ်၏။
ယဇ်ပုရောဟိတ်အဖွဲ့၏ဓလေ့ထုံးစံအတိုင်းမဲချကြရာ ထာဝရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍ နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် သူ၌တာဝန်ကျလေ၏။
သူတို့သည် သခင်ဘုရားကိုဝတ်ပြုလျက် အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ဗာနဗနှင့်ရှောလုတို့ကို သူတို့အတွက်ငါသတ်မှတ်ထားသောအမှုကိုဆောင်ရွက်စေရန် ငါ့အတွက် သီးသန့်ရွေးချယ်ထားကြလော့”ဟု မိန့်တော်မူ၏။
ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။
သို့သော် အမိဝမ်းထဲ၌ငါရှိစဉ်ကပင် ငါ့ကိုသီးသန့်ရွေးချယ်ထား၍ မိမိ၏ကျေးဇူးတော်အားဖြင့် ငါ့ကိုခေါ်ယူတော်မူသောဘုရားသခင်သည်
ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။
လေဝိသားမြေးယဇ်ပုရောဟိတ်တို့လည်း လာရမည်။ အကြောင်းမူကား သင်၏ဘုရားသခင်ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်ရန်၊ ထာဝရဘုရား၏နာမတော်၌ ကောင်းချီးပေးရန် သူတို့ကို ရွေးကောက်ထားတော်မူသည်ဖြစ်၍ သူတို့သည် အမှုအခင်းရှိသမျှ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုရှိသမျှကို စီရင်ရ၏။
ထို့ပြင် ဤဂုဏ်သရေရှိသောအရိုက်အရာကို မည်သူမျှ မိမိကိုယ်တိုင်ခံယူရရှိနိုင်သည်မဟုတ်။ အာရုန်ကဲ့သို့ ဘုရားသခင်၏ခေါ်ယူတော်မူခြင်းအားဖြင့်သာခံယူရရှိနိုင်၏။
တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် နံ့သာပူဇော်ရာရွှေခွက်ကိုကိုင်လျက် ယဇ်ပလ္လင်အနားသို့လာ၍ရပ်လေရာ သန့်ရှင်းသူအပေါင်းတို့၏ဆုတောင်းချက်များနှင့်ပေါင်းစပ်၍ ပလ္လင်တော်ရှေ့၌ရှိသည့် ရွှေယဇ်ပလ္လင်ပေါ်တွင်ဆက်ကပ်ရန် များစွာသောနံ့သာပေါင်းကို သူ့အားပေးလေ၏။
ငါ၏ယဇ်ပလ္လင်ပေါ်သို့တက်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန်နှင့် ဧဖုဒ်ကိုဝတ်ဆင်ပြီး ငါ့ရှေ့၌ ခစားရန်အတွက် ငါ၏ယဇ်ပုရောဟိတ်အဖြစ် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထဲမှ သူတို့ကို ငါရွေးကောက်ခဲ့သည်မဟုတ်လော။ အစ္စရေးအမျိုးသားတို့ မီးဖြင့်ပူဇော်သောယဇ်အလုံးစုံကိုလည်း သင့်ဘိုးဘေး၏အမျိုးအနွယ်အား ငါပေးခဲ့သည်မဟုတ်လော။