‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။
၁ ရာချုပ် 21:24 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဒါဝိဒ်မင်းကြီးက ဩရနန်အား “ထိုသို့မဟုတ်ပါ။ ကျသင့်ငွေဖြင့် ဝယ်ပါမည်။ ထာဝရဘုရားအဖို့ သင့်ထံမှမြေကို အလဟဿမယူလိုပါ။ အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုပါ”ဟု ပြန်ပြောပြီးလျှင် Common Language Bible သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန်ဖိုးအပြည့်အဝငါပေးမည်။ သင်ပိုင် သည့်ပစ္စည်းတစ်စုံတစ်ရာနှင့်၊ ငါတန်ဖိုး မပေးဘဲရရှိသည့်အရာတစ်စုံတစ်ခု ကို ထာဝရဘုရားအားပူဇော်သကာ အဖြစ်ဖြင့်ငါမဆက်လို'' ဟုမိန့်တော် မူ၏။- Garrad Bible ဒါ ဝိဒ် မင်း က၊ ငါ သည် တန် ဖိုး နှင့် မု ချ ဝယ် ယူ မည်။ ထာ ဝ ရ ဘု ရား အ ဖို့ သင့် ဥ စ္စာ ကို ငါ မ ခံ မ ယူ။ Judson Bible ဒါဝိဒ်မင်းကြီးက၊ ထိုသို့ငါမယူရ။ စင်စစ် အဖိုးထိုက်သည်အတိုင်း ပေး၍ ငါဝယ်မည်။ သင့်ဥစ္စာကို ထာဝရဘုရားအဖို့ ငါမသိမ်း။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့်၊ |
‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။
ထိုပြည်သားတို့ရှေ့မှောက်၌ ဧဖရုန်အား “ထိုသို့ဆိုလျှင် အကျွန်ုပ်စကားကိုနားထောင်ပါ။ လယ်၏တန်ဖိုးငွေကို အကျွန်ုပ်ပေးပါမည်။ အကျွန်ုပ်ထံမှလက်ခံပါ။ သို့မှသာ ထိုအရပ်၌ အကျွန်ုပ်မယား၏အလောင်းကို သင်္ဂြိုဟ်ပါမည်”ဟု ဆို၏။
သူ၏လယ်အစွန်ရှိ သူပိုင်ဆိုင်သည့်မပ္ပေလလိုဏ်ဂူကို အကျွန်ုပ်အားရောင်းပေးရန် အကျွန်ုပ်အတွက် ပြောပေးကြပါ။ ၎င်းကို ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် သင်တို့ရှေ့တွင် တန်ရာတန်ကြေးအပြည့်ဖြင့် အကျွန်ုပ်အားရောင်းပေးစေပါ”ဟု သူတို့အား ပြောလေ၏။
သို့သော် ရှင်ဘုရင်က အရောနအား “ထိုသို့မဟုတ်ပါ။ စင်စစ် သင့်မြေကို အဖိုးအခပေး၍ ဝယ်ပါမည်။ ငါသည် အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို ငါ၏ဘုရားသခင်ထာဝရဘုရားထံ မပူဇော်လိုပါ”ဟု မိန့်ဆို၍ ဒါဝိဒ်မင်းကြီးသည် ကောက်နယ်တလင်းနှင့် နွားကို ငွေရှယ်ကယ်ငါးဆယ်ဖြင့် ဝယ်ယူလေ၏။
ဩရနန်ကလည်း ဒါဝိဒ်မင်းကြီးအား “အကျွန်ုပ်၏သခင်အရှင်မင်းကြီး ယူတော်မူပါ။ အလိုရှိသည့်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်အဖို့ နွား၊ ထင်းအဖို့ ကောက်နယ်သစ်သားပြား၊ ဘောဇဉ်ပူဇော်သက္ကာအဖို့ ဂျုံ စသည်တို့ကို အကျွန်ုပ်ပေးပါမည်။ အားလုံးကို အကျွန်ုပ်ပေးပါမည်”ဟု လျှောက်တင်၏။
ဒါဝိဒ်မင်းကြီးသည် ဩရနန်အား မြေနေရာအတွက် ကျသင့်ငွေ ရွှေအချိန်ခြောက်ရာရှယ်ကယ်ကို ပေး၏။
မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့၌ တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြလော့။