၁ ရာချုပ် 21:24 - Common Language Bible24 သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန်ဖိုးအပြည့်အဝငါပေးမည်။ သင်ပိုင် သည့်ပစ္စည်းတစ်စုံတစ်ရာနှင့်၊ ငါတန်ဖိုး မပေးဘဲရရှိသည့်အရာတစ်စုံတစ်ခု ကို ထာဝရဘုရားအားပူဇော်သကာ အဖြစ်ဖြင့်ငါမဆက်လို'' ဟုမိန့်တော် မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ဒါ ဝိဒ် မင်း က၊ ငါ သည် တန် ဖိုး နှင့် မု ချ ဝယ် ယူ မည်။ ထာ ဝ ရ ဘု ရား အ ဖို့ သင့် ဥ စ္စာ ကို ငါ မ ခံ မ ယူ။ အခန်းကိုကြည့်ပါ။Judson Bible24 ဒါဝိဒ်မင်းကြီးက၊ ထိုသို့ငါမယူရ။ စင်စစ် အဖိုးထိုက်သည်အတိုင်း ပေး၍ ငါဝယ်မည်။ သင့်ဥစ္စာကို ထာဝရဘုရားအဖို့ ငါမသိမ်း။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 သို့သော် ဒါဝိဒ်မင်းကြီးက ဩရနန်အား “ထိုသို့မဟုတ်ပါ။ ကျသင့်ငွေဖြင့် ဝယ်ပါမည်။ ထာဝရဘုရားအဖို့ သင့်ထံမှမြေကို အလဟဿမယူလိုပါ။ အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုပါ”ဟု ပြန်ပြောပြီးလျှင် အခန်းကိုကြည့်ပါ။ |
သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန် ဖိုးကိုငါပေးမည်။ ငါသည်မိမိအဖိုးမပေး ဘဲရရှိသည့်ပူဇော်သကာများကို ငါ၏ဘုရားသခင်ထာဝရဘုရားအားဆက်သလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်မင်းကြီး သည်ကောက်နယ်တလင်းနှင့်နွားများကိုငွေ သားကျပ်ငါးဆယ်ပေး၍ဝယ်ယူတော်မူ၏။-
အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။