ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
၁ ရာချုပ် 17:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်သို့တိုးဝင်၍ ထိုင်ပြီးလျှင် “အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်၍ အကျွန်ုပ်အမျိုးအနွယ်သည်လည်း မည်သို့သောအမျိုးအနွယ်ဖြစ်ပါသနည်း။ Common Language Bible ဒါဝိဒ်မင်းသည်တဲတော်ထဲသို့ဝင်၍ထာဝရ ဘုရား၏ရှေ့တော်၌ထိုင်ပြီးလျှင်``အို ထာဝရ အရှင်ဘုရားသခင်၊ ကျွန်တော်မျိုးနှင့်ကျွန် တော်မျိုး၏အိမ်ထောင်စုသည် ကိုယ်တော်ရှင် ပြုတော်မူသောကျေးဇူးတော်အပေါင်းနှင့် မထိုက်တန်ပါ။- Garrad Bible ထို နောက် ဒါ ဝိဒ် မင်း သည် ထာ ဝ ရ ဘု ရား ရှေ့ တော် သို့ တိုး ဝင် ပျပ် ဝပ် လျက် အို ထာ ဝ ရ ဘု ရား သ ခင်၊ အ ကျွန်ုပ် နှင့် ဆွေ မျိုး သား ချင်း တို့ သည် မည် သို့ သော သူ ဖြစ်၍ ဤ အ ဖြစ် အ နေ သို့ ပို့ ဆောင် ခြင်း ကျေး ဇူး တော် ကို ခံ ရ ပါ သ နည်း။ Judson Bible ထိုအခါ ဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်လျက်၊ အိုထာဝရအရှင် ဘုရားသခင်၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သောအမျိုး ဖြစ်ပါသနည်း။ |
ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်သို့တိုးဝင်၍ ထိုင်ပြီးလျှင် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်၍ အကျွန်ုပ်အမျိုးအနွယ်သည်လည်း မည်သို့သောအမျိုးအနွယ်ဖြစ်ပါသနည်း။
ဟေဇကိမင်းကြီးသည် စေတမန်တို့လက်မှ စာကိုယူဖတ်ပြီးလျှင် ထာဝရဘုရား၏အိမ်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ထိုစာကိုဖြန့်လေ၏။
နာသန်သည်လည်း စကားတော်အလုံးစုံ၊ ဗျာဒိတ်နိမိတ်အလုံးစုံတို့ကို ဒါဝိဒ်မင်းကြီးအား ဆင့်ဆိုလေ၏။
အို ဘုရားသခင်၊ ဤအရာသည် ကိုယ်တော့်အဖို့ အသေးအဖွဲသာဖြစ်ပါ၏။ ကိုယ်တော့်အစေအပါး၏အနာဂတ်မျိုးဆက်နှင့်ပတ်သက်၍လည်း ကိုယ်တော်မိန့်တော်မူလေပြီ။ အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အား ချီးမြှောက်ခြင်းကို ခံထိုက်သူအဖြစ် မြင်တော်မူပါသည်တကား။
အကျွန်ုပ်တို့အား ဤမျှလောက်စေတနာစိတ်နှင့်ပေးလှူနိုင်ခွင့်ကိုပေးသနားသည်မှာ အကျွန်ုပ်ကား မည်သူဖြစ်ပါသနည်း။ အကျွန်ုပ်၏လူတို့ကား မည်သူတို့ဖြစ်ကြပါသနည်း။ အရာခပ်သိမ်းတို့သည် ကိုယ်တော့်ထံမှဖြစ်၍ ကိုယ်တော်ပိုင်သမျှကို အကျွန်ုပ်တို့ ပြန်လည်ပေးလှူကြပါ၏။
ထိုအခါ ရှောလမုန်မင်းကြီးက ဘုရားသခင်အား “ကိုယ်တော်သည် အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူပြီး အကျွန်ုပ်အားလည်း ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေပါပြီ။
အို ထာဝရဘုရား၊ လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုသိမှတ်တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုပမာဏပြုတော်မူရသနည်း။
သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏မစခြင်းကျေးဇူးကိုခံစားရ၍ ယနေ့တိုင်အောင် ရပ်လျက် လူကြီးလူငယ်တို့အား သက်သေခံနေပါသည်။ ထိုသို့သက်သေခံရာ၌ နောင်တွင် ဖြစ်ပျက်မည်ဟု မောရှေနှင့်ပရောဖက်တို့ဟောပြောခဲ့သည့်အရာများမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။
ဘုရားသခင်သည် ဤမျှလောက်ကြီးမားသောသေဘေးမှ ငါတို့ကိုကယ်နုတ်တော်မူပြီ။ နောင်တွင်လည်း ကယ်နုတ်တော်မူလိမ့်မည်။ ဆက်၍လည်း ကယ်နုတ်တော်မူဦးမည်ဟု ကိုယ်တော်၌ ငါတို့မျှော်လင့်ကြ၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ဂိဒေါင်ကလည်း “အို ဘုရားရှင်၊ အကျွန်ုပ်သည် အစ္စရေးလူမျိုးကို မည်သို့ကယ်တင်နိုင်ပါမည်နည်း။ မနာရှေအမျိုးအနွယ်တွင် အကျွန်ုပ်၏မျိုးနွယ်စုသည် အဆင်းရဲဆုံးဖြစ်ပါ၏။ အကျွန်ုပ်၏မိသားစုတွင် အကျွန်ုပ်သည် အသိမ်ငယ်ဆုံးဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာဟုခေါ်လေ၏။
ရှောလုကလည်း “အကျွန်ုပ်အမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့တွင် အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အမျိုးအနွယ်မှ ဖြစ်သည်မဟုတ်လော။ အကျွန်ုပ်၏မျိုးနွယ်စုသည်လည်း ဗင်္ယာမိန်မျိုးနွယ်စုအပေါင်းတို့တွင် အသိမ်ငယ်ဆုံးမျိုးနွယ်စု ဖြစ်သည်မဟုတ်လော။ ယခု အကျွန်ုပ်အား အဘယ်ကြောင့် ဤစကားများကိုပြောသနည်း”ဟု ပြန်ပြော၏။