တမန်တော်ဝတ္ထု 26:22 - မြန်မာ့စံမီသမ္မာကျမ်း22 သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏မစခြင်းကျေးဇူးကိုခံစားရ၍ ယနေ့တိုင်အောင် ရပ်လျက် လူကြီးလူငယ်တို့အား သက်သေခံနေပါသည်။ ထိုသို့သက်သေခံရာ၌ နောင်တွင် ဖြစ်ပျက်မည်ဟု မောရှေနှင့်ပရောဖက်တို့ဟောပြောခဲ့သည့်အရာများမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။ အခန်းကိုကြည့်ပါ။Common Language Bible22-23 သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible22-23 ကျွန် တော် မှာ မူ ဘု ရား သ ခင့် အ ထံ တော် မှ စောင် မ တော် မူ ခြင်း ခံ ရ သည့် အ လျောက် ခ ရစ် တော် သည် စီ ရင် ခံ ရ သည့် ပြင် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း ဖြင့် လူ မျိုး တော် မှ စ၍ လူ မျိုး ခြား တို့ အား အ လင်း တ ရား ဦး စွာ ကြော် ငြာ ရ သူ ဖြစ် ကြောင်း တည်း ဟူ သော မော ရှေ နှင့် ပ ရော ဖက် တို့ ဆင့် ဆို ခဲ့ ရာ အ ဖြစ် အ ပျက် များ ကို သာ အ ယုတ် အ မြတ် မ ရွေး ရှိ သ မျှ တို့ အား ယ နေ့ တိုင် အောင် ကြော် ငြာ ဟော ပြော လျက် ခံ ရပ် ပါ သည် ဟု ထု ချေ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible22 သို့ရာတွင် ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း22 သို့ရာတွင် အကျွန်ုပ်သည် ဘုရားသခင်၏ ကူညီမစတော်မူခြင်းကို ခံရသောကြောင့် ယနေ့တိုင်အောင်ရပ်တည်လျက် လူတန်းစားအနိမ့်အမြင့်မရွေးဘဲ လူအပေါင်းတို့အား ဟောပြောပါ၏။ ထိုသို့ဟောပြောရာတွင်လည်း ပရောဖက်များနှင့် မောရှေတို့ဟောပြောခဲ့သည့် နောင်အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုသာ ဟောပြောပါ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
လူမျိုးတို့သည် အမျက်ထွက်ကြပါ၏။ သို့သော် ကိုယ်တော်၏အမျက်တော်သည် သက်ရောက်လာပါ၏။ သေလွန်သောသူတို့ကို တရားစီရင်ရန်လည်းကောင်း၊ ကိုယ်တော်၏အစေအပါးများ၊ ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်၏နာမတော်ကိုကြောက်ရွံ့ရိုသေသောသူအကြီးအငယ်တို့အား ဆုလာဘ်ပေးတော်မူရန်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးရန်လည်းကောင်း အချိန်ရောက်လာပါ၏”ဟု လျှောက်ကြ၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။