၂ ရာ 7:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထိုအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်သို့တိုးဝင်၍ ထိုင်ပြီးလျှင် “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်၍ အကျွန်ုပ်အမျိုးအနွယ်သည်လည်း မည်သို့သောအမျိုးအနွယ်ဖြစ်ပါသနည်း။ အခန်းကိုကြည့်ပါ။Common Language Bible18 ဒါဝိဒ်မင်းသည်တဲတော်သို့ဝင်ပြီးလျှင်ထိုင် ၍``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏မိသားစုသည်အကျွန်ုပ်အတွက် ကိုယ်တော်ရှင်ပြုတော်မူသောကျေးဇူး တော်နှင့်မထိုက်မတန်ပါ။- အခန်းကိုကြည့်ပါ။Garrad Bible18 ထို အ ခါ ဒါ ဝိဒ် မင်း သည် ထာ ဝ ရ ဘု ရား ရှေ့ တော် သို့ တိုး ဝင် ပျပ် ဝပ် လျက် အို အ ရှင် ထာ ဝ ရ ဘု ရား အ ကျွန်ုပ် နှင့် ဆွေ မျိုး သား ချင်း တို့ သည် မည် သို့ သော သူ ဖြစ်၍ ဤ အ ဖြစ် အ နေ သို့ ပို့ ဆောင် ခြင်း ကျေး ဇူး တော် ကို ခံ ရ ပါ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible18 ထိုအခါ ဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သောအမျိုး ဖြစ်ပါသနည်း။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် ငါ၏အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဖြစ်သည်မဟုတ်လော။ ကိုယ်တော်သည် ထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူသည်မဟုတ်လော။ အလုံးစုံကို စီရင်တော်မူပြီဖြစ်၍ စိတ်ချလုံခြုံရပါ၏။ ငါ့ကို အကြွင်းမဲ့ကယ်တင်တော်မူပြီ။ အလုံးစုံသောဆန္ဒတို့ကို ဖြည့်ဆည်းပေးတော်မူပြီ။
ရှောလုကလည်း “အကျွန်ုပ်အမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့တွင် အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အမျိုးအနွယ်မှ ဖြစ်သည်မဟုတ်လော။ အကျွန်ုပ်၏မျိုးနွယ်စုသည်လည်း ဗင်္ယာမိန်မျိုးနွယ်စုအပေါင်းတို့တွင် အသိမ်ငယ်ဆုံးမျိုးနွယ်စု ဖြစ်သည်မဟုတ်လော။ ယခု အကျွန်ုပ်အား အဘယ်ကြောင့် ဤစကားများကိုပြောသနည်း”ဟု ပြန်ပြော၏။