မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကယ်တင်ခြင်းအကြောင်းကို နေ့ရက်အစဉ်ဟောပြောကြလော့။
၁ ရာချုပ် 16:30 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် ခိုင်မြဲစွာတည်ထားတော်မူပြီ။ Common Language Bible ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။ Garrad Bible အို မြေ တစ် ပြင် လုံး၊ ရှေ့ တော်၌ တုန် လှုပ် ကြ လော့။ ဤ လော က သည် မ လှုပ် မ ရှား နိုင် အောင် တည် လျက် ရှိ ၏။ Judson Bible မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ |
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကယ်တင်ခြင်းအကြောင်းကို နေ့ရက်အစဉ်ဟောပြောကြလော့။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်းလှ၏။
ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။ လူမျိုးခြားတို့အလယ်တွင် “ထာဝရဘုရား စိုးစံတော်မူ၏”ဟု ကြွေးကြော်ကြစေ။
အကြောင်းမူကား ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ထိုအတိုင်းဖြစ်၏။ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ ထိုအတိုင်းတည်လျက်နေ၏။
ထာဝရဘုရားသည် စိုးစံတော်မူ၍ ဘုန်းတန်ခိုးတော်ကို ဆင်မြန်းတော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဆင်မြန်း၍ မိမိကိုယ်ကိုအစွမ်းသတ္တိနှင့်ပတ်စည်းတော်မူ၏။ ကမ္ဘာလောကသည်လည်း မတုန်လှုပ်နိုင်အောင် တည်မြဲလျက်ရှိ၏။
သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသောထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။
ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူမျိုးတကာတို့သည် ထိတ်လန့်တုန်လှုပ်ကြပါစေ။ ကိုယ်တော်သည် ခေရုဗိမ်တို့အထက်၌ စံပယ်တော်မူ၏။ မြေကြီးသည် လှုပ်ခါပါစေ။
ထာဝရဘုရားက “နှစ်သက်လက်ခံဖွယ်အချိန်၌ သင့်ကိုငါထူးပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုငါကူညီမစပြီ။ သင်သည် ပြည်တော်ကို ပြန်လည်ထူထောင်ရန်၊ လူသူကင်းမဲ့သောအမွေပြည်ကို အမွေဆက်ခံရန် ငါသည် သင့်ကို ကာကွယ်စောင့်ရှောက်မည်။ လူမျိုးတော်အတွက် ပဋိညာဉ်ဖြစ်စေမည်။
ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ ဉာဏ်ပညာအားဖြင့် ကမ္ဘာကြီးကို တည်တော်မူ၏။ ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
သားတော်သည် ခပ်သိမ်းသောအရာတို့ထက် အလျင်ဦးစွာရှိနှင့်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌စုပေါင်းတည်ရှိကြ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။