ဒုတိယအုပ်စုတွင် သူတို့၏ဆွေမျိုးသားချင်းများဖြစ်သော ဇာခရိ၊ ဗင်၊ ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံနှင့်ယေယေလ တို့ကိုခွဲခန့်ထား၏။
၁ ရာချုပ် 15:21 - မြန်မာ့စံမီသမ္မာကျမ်း မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေယေလ၊ အာဇဇိ တို့သည် ရှေမိနိတ်သံစဉ်နှင့်အညီစောင်းကို တီးရသော ဂီတမှူးများ ဖြစ်ကြ၏။ Garrad Bible မ တ္တိ သိ၊ ဧ လိ ဖ လေ၊ မိတ် နေ ယ၊ သြ ဗ ဒေ ဒုံ၊ ယေ လ၊ အာ ဇ ဇိ တို့ သည် ဘယ် သံ တည်၍ စောင်း တီး ခြင်း များ ကို ပြု ရ ကြ ၏။ Judson Bible မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်းကို တီးရကြ၏။ |
ဒုတိယအုပ်စုတွင် သူတို့၏ဆွေမျိုးသားချင်းများဖြစ်သော ဇာခရိ၊ ဗင်၊ ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံနှင့်ယေယေလ တို့ကိုခွဲခန့်ထား၏။
လေဝိအမျိုးအကြီးအကဲခေနနိသည် သီချင်းအရာ၌ကျွမ်းကျင်သောကြောင့် သူသည် သီဆိုခြင်းအမှုကို တာဝန်ယူရ၏။
ခေါင်းဆောင်မှာ အာသပ်ဖြစ်၍ သူ၏လက်ထောက်မှာ ဇာခရိဖြစ်၏။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေယေလ တို့သည် စောင်းပြား၊ စောင်းကောက်စသောတူရိယာတို့ကို တီးခတ်ရ၏။ အာသပ်ကား လင်းကွင်းကို တီးရ၏။
အို ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကြောင်းမူကား ဘုရားဝတ်၌မွေ့လျော်သောသူမရှိတော့ပါ။ သစ္စာရှိသောသူတို့သည်လည်း လူသားတို့ထဲတွင် ပျောက်ကွယ်သွားကြပါပြီ။
တံပိုးမှုတ်လျက် ကိုယ်တော်ကိုချီးမွမ်းကြလော့။ စောင်းပြားနှင့်စောင်းကောက်ကိုတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
စောင်းတီး၍ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကိုသီဆိုချီးမွမ်းကြလော့။
စောင်းကောက်သံစဉ်နှင့်အတူ စောင်းပြားနှင့် ကြိုးဆယ်ချောင်းတပ်တူရိယာဖြင့် ထုတ်ဖော်ပြောဆိုခြင်းသည်လည်းကောင်း ကောင်းမြတ်ပေ၏။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။