၁ ရာချုပ် 14:10 - မြန်မာ့စံမီသမ္မာကျမ်း
ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ဘုရားသခင်ထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ သူတို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
ဒါဝိဒ်က``ကျွန်တော်မျိုးသည်ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော် မူပါမည်လော'' ဟုဘုရားသခင်အားမေး လျှောက်၏။ ထာဝရဘုရားက``တိုက်လော့၊ ငါသည်သင့် အားအောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့် တော်မူ၏။
အခန်းကိုကြည့်ပါ။
ဒါ ဝိဒ် မင်း က ဖိ လိ တ္တိ တပ် ကို ဆီး ဆို့ ရန် စစ် ဘက် ရ ပါ မည် လော။ အ ကျွန်ုပ် လက် တွင်း သို့ အပ် နှင်း တော် မူ ပါ မည် လော ဟု ဘုရား သ ခင့် ထံ မေး လျှောက် လျှင် စစ် တက် လော့၊ သင့် လက် တွင်း သို့ ငါ အပ် နှင်း မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊
အခန်းကိုကြည့်ပါ။
ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော်မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
အခန်းကိုကြည့်ပါ။