၁ ရာချုပ် 14:10 - Common Language Bible10 ဒါဝိဒ်က``ကျွန်တော်မျိုးသည်ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော် မူပါမည်လော'' ဟုဘုရားသခင်အားမေး လျှောက်၏။ ထာဝရဘုရားက``တိုက်လော့၊ ငါသည်သင့် အားအောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့် တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ဒါ ဝိဒ် မင်း က ဖိ လိ တ္တိ တပ် ကို ဆီး ဆို့ ရန် စစ် ဘက် ရ ပါ မည် လော။ အ ကျွန်ုပ် လက် တွင်း သို့ အပ် နှင်း တော် မူ ပါ မည် လော ဟု ဘုရား သ ခင့် ထံ မေး လျှောက် လျှင် စစ် တက် လော့၊ သင့် လက် တွင်း သို့ ငါ အပ် နှင်း မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible10 ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော်မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ဘုရားသခင်ထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ သူတို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-
ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။ ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
သို့ဖြစ်၍ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့တွင် ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက်ရာအနိုင် ရလေ၏။ ဒါဝိဒ်က``ထာဝရဘုရားသည်ရန်သူ တပ်ကိုမြစ်ရေလျှံ၍ဖြိုခွင်းသကဲ့သို့ ငါ့ကို အသုံးပြု၍ဖြိုခွင်းတော်မူလေပြီ'' ဟုဆို ၏။ သို့ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိမ်မြို့ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။-