Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 14:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီတက်​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ဘုရားသခင်​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​လက်​ဖြင့် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ် ဟု​အမည်​မှည့်ခေါ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​ဖြစ်​၍​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရာ​အ​နိုင် ရ​လေ​၏။ ဒါ​ဝိဒ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ တပ်​ကို​မြစ်​ရေ​လျှံ​၍​ဖြို​ခွင်း​သ​ကဲ့​သို့ ငါ့​ကို အ​သုံး​ပြု​၍​ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​ဆို ၏။ သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိမ်​မြို့ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ဒါ ဝိဒ် မင်း သည် ဗာ လ ပေ ရ ဇိမ် မြို့၌ ချီ တက် သော ဖိ လိ တ္တိ တပ် ကို လုပ် ကြံ ရာ ရေ ပန်း ပေါက် ထွက် သ ကဲ့ သို့ ရန် သူ တို့ ကို ငါ့ လက် ရုံး ဖြင့် ဘု ရား သ ခင် ပေါက် ပျက် စေ တော် မူ ပြီ ဟု အောက် မေ့ လေ ၏။ ထို အ မှု ကို အ စွဲ ပြု၍ ဗာ လ ပေ ရ ဇိမ် အ မည် ဖြင့် ခေါ် ဝေါ် ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား၍ သူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​သည် ရေ​ထ၍​ဖြို​ဖျက်​သ​ကဲ့​သို့ ငါ့​ရန်​သူ​တို့​ကို ငါ့​အား​ဖြင့် ဖြို​ဖျက်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 14:11
11 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီသွား​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ထာဝရဘုရား​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​ရှေ့​တွင် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ် ဟု​အမည်​မှည့်ခေါ်​လေ​၏​။


ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ်​ထွက်တိုက်​ရ​မည်လော​။ သူ​တို့​ကို အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​မည်လော​”​ဟု ဘုရားသခင်​ထံ မေးလျှောက်​လျှင် ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​အား “​ထွက်တိုက်​လော့​။ သူ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို​နေရာ​၌ ဖိလိတ္တိ​လူမျိုး​တို့​စွန့်ထား​ခဲ့​သော သူ​တို့​၏​ဘုရား​ရုပ်တု​များ​ကို မီးရှို့ဖျက်ဆီး​ပစ်​ရန် ဒါဝိဒ်​မင်းကြီး​အမိန့်ပေး​လေ​၏​။


အပေါက်​အကျယ်ကြီး​ကို ဖြတ်ဝင်လာ​သကဲ့သို့ သူ​တို့​သည် ဝင်လာ​ကြ​၍ တစ်ဟုန်ထိုး​ပြေးလာ​ကြ​၏​။


ငါ​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​၏​လက်​ကို စစ်မက်​အတွက်​လည်းကောင်း​၊ ငါ​၏​လက်ချောင်း​များ​ကို တိုက်ပွဲ​အတွက်​လည်းကောင်း လေ့ကျင့်​ပေး​တော်မူ​၏​။


ကိုယ်တော်​သည် ရှင်ဘုရင်​တို့​အား အောင်ပွဲ​ကို​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​အစေအပါး​ဒါဝိဒ်​ကို​လည်း ဆိုးဝါး​သော​ဓားဘေး​မှ​လွတ်မြောက်​စေ​တော်မူ​၏​။


အမှန်စင်စစ် ဘိုးဘေး​တို့​သည် ထို​ပြည်​ကို မိမိ​တို့​ဓားလက်နက်​ဖြင့် သိမ်းယူ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​။ သူ​တို့​အောင်ပွဲ​ရ​သည်​မှာ သူ​တို့​၏​လက်ရုံး​ကြောင့်​လည်း မ​ဟုတ်​ပါ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​၊ ကိုယ်တော်​၏​လက်ရုံး​တော်​နှင့် ကိုယ်တော်​၏ မျက်နှာ​တော်​အလင်း​ကြောင့်သာ​ဖြစ်​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​ကို​နှစ်သက်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​နောက်မှ ပင်လယ်​ထဲသို့​လိုက်ဝင်​ကြ​သော စစ်ရထား​များ​နှင့်​မြင်းစီးသူရဲ​များ စသည့် ဖာရော​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အပေါ်​သို့ ရေ​ပြန်စီး​လာ​ပြီး သူ​တို့​ကို ဖုံးလွှမ်း​သဖြင့် တစ်စုံတစ်ယောက်​မျှ မ​ကျန်ရစ်​ပေ​။


ထာဝရဘုရား​သည် ပေရဇိန်​တောင်​ပေါ်မှာ ထ​တော်မူ​သကဲ့သို့​၊ ဂိဗောင်​ချိုင့်ဝှမ်း​မှာ အမျက်ထွက်​တော်မူ​သကဲ့သို့ ထူးဆန်း​သော​အမှု​တော်​ကို လုပ်ဆောင်​တော်မူ​မည်​။ ဆန်းသစ်​သော​အမှု​တော်​ကို ပြု​တော်မူ​မည်​။


မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သောအခါ ထို​အိမ်​သည်​ပြိုလဲ​သွား​၏။ ၎င်း​၏​ပြိုလဲ​ခြင်း​သည်​လည်း ဆိုးရွား​လှ​ပေ​၏။”


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ