တစ်ချိန်တွင် ဖိလိတ္တိလူမျိုးတို့နှင့် အစ္စရေးလူမျိုးတို့ တိုက်ခိုက်ကြရာ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးကြရပြီး ဂိလဗောတောင်ပေါ်တွင် လဲကျသေဆုံးကြရ၏။
ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့် ဂိလဗောတောင်ပေါ်တွင် တိုက်ပွဲဖြစ်ကြရာ၊ ဣသရေလအမျိုး သားတို့အမြောက်အမြားကျဆုံးကြ လေသည်။ ရှောလုမင်းနှင့်သားတော်များ အပါအဝင်ကျန်ရှိသောသူတို့သည် ထွက်ပြေးကြကုန်၏။-
ဣ သ ရေ လ လူ မျိုး နှင့် ဖိ လိ တ္တိ လူ မျိုး စစ် တိုက် ရာ ဣ သ ရေ လ တပ် ဆုတ် ပြေး ရ ၍ ဂိ လ ဗော တောင် ရိုး တစ် လျှောက် ကျ ဆုံး ကြ ၏။
ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကိုစစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
ဂိလဗောတောင်များပေါ်တွင် နှင်းမကျပါစေနှင့်။ မိုးလည်း မရွာပါစေနှင့်။ လယ်မြေတို့တွင်လည်း လှူဖွယ်ကောက်နှံတို့ မဖြစ်ထွန်းပါစေနှင့်။ အကြောင်းမှာ ထိုအရပ်တွင် သူရဲကောင်းတို့၏ဒိုင်းလွှားများ ရှုံးနိမ့်ရလေပြီ။ ရှောလုမင်းကြီး၏ဒိုင်းလွှားသည်လည်း ဆီသထားခြင်း မရှိတော့ပြီ။
သတင်းကြားပြောသောလူငယ်က “အကျွန်ုပ်သည် ဂိလဗောတောင်ပေါ် ရောက်သွားချိန်တွင် ဤအဖြစ်အပျက်နှင့်ကြုံခဲ့ရပါ၏။ ရှောလုမင်းကြီးသည် လှံကိုမှီလျက်နေပါ၏။ စစ်ရထားနှင့် မြင်းတပ်တို့သည် သူ့ထံသို့ ရောက်လုဆဲဆဲဖြစ်နေသည်ကို တွေ့ရပါ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ယာဗက်ဂိလဒ်မြို့သားတို့ထံမှ ရှောလုမင်းကြီးနှင့်သားတော်ယောနသန်တို့၏အရိုးကို သွားယူလာခဲ့၏။ ရှောလုမင်းကြီးကိုဂိလဗောတောင်ပေါ်တွင် ဖိလိတ္တိလူမျိုးတို့သတ်သောနေ့၌ ဗက်ရှန်မြို့ လမ်းဆုံလမ်းခွတွင် သူတို့အား ချိတ်ဆွဲထားသည်ကို ယာဗက်ဂိလဒ်မြို့သားတို့ ခိုးယူခဲ့ကြခြင်းဖြစ်၏။
နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကိုချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။
အာဇေလ၌ အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ ဩဗဒိ၊ ဟာနန် ဟုခေါ်သောသားခြောက်ယောက် ရှိ၏။ ဤသူတို့သည် အာဇေလ၏သားများ ဖြစ်ကြ၏။
ထိုကာလတွင် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စစ်တိုက်ရန် စစ်အင်အားစုဆောင်း၏။ အာခိတ်မင်းကြီးကလည်း ဒါဝိဒ်အား “သင်နှင့်သင့်နောက်လိုက်တို့က ငါနှင့်ပူးပေါင်းစစ်တိုက်ရမည်ကို သင်နားလည်သဘောပေါက်လိမ့်မည်”ဟု ဆိုလျှင်
ဖိလိတ္တိလူမျိုးတို့ စုရုံးပြီး ရှုနင်မြို့သို့ လာရောက်၍ စခန်းချကြသောအခါ ရှောလုသည်လည်း အစ္စရေးလူမျိုးအပေါင်းတို့ကို စုရုံးပြီး ဂိလဗောတောင်ပေါ်တွင် စခန်းချကြ၏။