၁ ရာချုပ် 10:1 - Common Language Bible1 ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့် ဂိလဗောတောင်ပေါ်တွင် တိုက်ပွဲဖြစ်ကြရာ၊ ဣသရေလအမျိုး သားတို့အမြောက်အမြားကျဆုံးကြ လေသည်။ ရှောလုမင်းနှင့်သားတော်များ အပါအဝင်ကျန်ရှိသောသူတို့သည် ထွက်ပြေးကြကုန်၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ဣ သ ရေ လ လူ မျိုး နှင့် ဖိ လိ တ္တိ လူ မျိုး စစ် တိုက် ရာ ဣ သ ရေ လ တပ် ဆုတ် ပြေး ရ ၍ ဂိ လ ဗော တောင် ရိုး တစ် လျှောက် ကျ ဆုံး ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကိုစစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 တစ်ချိန်တွင် ဖိလိတ္တိလူမျိုးတို့နှင့် အစ္စရေးလူမျိုးတို့ တိုက်ခိုက်ကြရာ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးကြရပြီး ဂိလဗောတောင်ပေါ်တွင် လဲကျသေဆုံးကြရ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်ဂိလဒ်ပြည်သို့သွား၍ယာဗက်မြို့ သားတို့ထံမှ ရှောလုနှင့်ယောနသန်၏အရိုး တို့ကိုဆောင်ယူတော်မူ၏။ (ယာဗက်မြို့သား တို့သည်ထိုအရိုးတို့ကိုဗက်ရှန်မြို့ရင်ပြင်မှ လျှို့ဝှက်စွာဆောင်ယူခဲ့ကြ၏။ ဖိလိတ္တိအမျိုး သားတို့သည်ဂိလဗောတောင်ပေါ်တွင် ရှောလု ကိုသတ်ပြီးနောက်သူ၏အလောင်းနှင့်ယော နသန်၏အလောင်းကိုဗက်ရှန်မြို့ရင်ပြင် တွင်ဆွဲထားကြသည်။-)
``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။ အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည် သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။